ေကတုမတီၿမိဳ႕သစ္ရွိ ေကတုမတီ သီတဂူ ဗုဒၶတကသုိလ္ သီတဂူသဒၶမၼ ေဇာတိက ဘြဲ့ႏွင္းသဘင္ ေက်ာင္းေဆာင္ ေတာ္ႀကီးဖြင့္လွစ္ျခင္းႏွင့္ ေရစက္ခ်အလွဴေတာ္ မဂၤလာပြဲျပဳလုပ္ 

ေနျပည္ေတာ္ ႏုိဝင္ဘာ ၂၁ 

 

ပဲခူးတုိင္းေဒသႀကီး ေတာင္ငူၿမိဳ႕ ေကတု မတီၿမိဳ႕သစ္ရွိ ေကတုမတီသီတဂူဗုဒၶတကၠသုိလ္ သီတဂူသဒၶမၼေဇာတိက ဘြဲ႕ႏွင္း သဘင္ေက်ာင္း ေဆာင္ေတာ္ႀကီးဖြင့္လွစ္ျခင္းႏွင့္ ေရစက္ခ် အလွဴေတာ္မဂၤလာပြဲကို ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ေကတုမတီသီတဂူဗုဒၶတကၠသိုလ္၌ ျပဳလုပ္ရာ ေရႊက်င္နိကာယဥပဥကၠ႒ မဟာနာယက တြဲဖက္ေရႊက်င္ သာသနာပုိင္ သီတဂူ ကမၻာ့ဗုဒၶတကၠသုိလ္မ်ား၏ အဓိပတိ၊ အဘိဓဇ မဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ၊ မဟာဓမၼကထိက ဗဟု ဇနဟိတဓရ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဥာ ဏိႆရ အမွဴးျပဳေသာ သံဃာေတာ္ မ်ားၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။  

 

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူ မ်ားက သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ သီတဂူ သဒၶမၼေဇာတိကဘြဲ႕ႏွင္းသဘင္ေက်ာင္းေဆာင္ ေတာ္ႀကီးကို တုိင္းမွဴးႏွင့္ေစတနာရွင္အလွဴရွင္ မ်ားက မဂၤလာအခ်ိန္တြင္ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၿပီး ေက်ာင္းေဆာင္ေတာ္သစ္ႀကီးေမာ္ကြန္း ကမၸည္းတုိင္ကို အေမႊးနံ႔သာရည္မ်ားပက္ဖ်န္း ပူေဇာ္ၾကသည္။ ယင္းေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက ေနျပည္ေတာ္ေစ်းကုန္းေက်ာင္း တုိက္ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္ တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္ တရားေတာ္မ်ားနာယူကာ သံဃာေတာ္မ်ား အား ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္း မ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ 

 

ဆက္လက္၍ သီတဂူဆရာေတာ္ႀကီးက ေစတနာရွင္အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပး အပ္သည္။ ထုိ႔ေနာက္ သီတဂူဆရာေတာ္ထံမွ လွဴဒါန္းမႈ အစုစုတုိ႔အတြက္ အႏုေမာဒနာတရားနာယူ၍ ေရစက္သြန္းခ် အမွ်ေပး ေဝၾကၿပီး သံဃာ ေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ကေတုမတီမြို့သစ်ရှိ ကေတုမတီ သီတဂူ ဗုဒ္ဓတကသိုလ် သီတဂူသဒ္ဓမ္မ ဇောတိက ဘွဲ့နှင်းသဘင် ကျောင်းဆောင် တော်ကြီးဖွင့်လှစ်ခြင်းနှင့် ရေစက်ချအလှူတော် မင်္ဂလာပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၂၁ 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကေတု မတီမြို့သစ်ရှိ ကေတုမတီသီတဂူဗုဒ္ဓတက္ကသိုလ် သီတဂူသဒ္ဓမ္မဇောတိက ဘွဲ့နှင်း သဘင်ကျောင်း ဆောင်တော်ကြီးဖွင့်လှစ်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကေတုမတီသီတဂူဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟု ဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာ ဏိဿရ အမှူးပြုသော သံဃာတော် များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သီတဂူ သဒ္ဓမ္မဇောတိကဘွဲ့နှင်းသဘင်ကျောင်းဆောင် တော်ကြီးကို တိုင်းမှူးနှင့်စေတနာရှင်အလှူရှင် များက မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ကျောင်းဆောင်တော်သစ်ကြီးမော်ကွန်း ကမ္ပည်းတိုင်ကို အမွှေးနံ့သာရည်များပက်ဖျန်း ပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက နေပြည်တော်ဈေးကုန်းကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်များထံမှ ပရိတ် တရားတော်များနာယူကာ သံဃာတော်များ အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ 

ဆက်လက်၍ သီတဂူဆရာတော်ကြီးက စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။ ထို့နောက် သီတဂူဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေး ဝေကြပြီး သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

Recent News