




 

(Unicode Version)

 

ပုသိမ်မြို့ရှိ သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်းအသီးသီးမှ သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လောင်းလှူ 

နေပြည်တော် နိုဝင်ဘာ ၂၃ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်းအသီးသီးမှ သာသနာ့ အနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လောင်းလှူခြင်းကို နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် သာသနဝံသဓမ္မာရုံ၌ပြုလုပ်ရာပုသိမ်မြို့ ကုလဝိသေ သီစာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဣန္ဒရီအမှူးပြုသော သာသနာ့အနွယ်ဝင်သီလရှင်များ ကြွရောက် တော်မူကြသည်။ 

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစု များက သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်း ၇၅ ကျောင်းမှ သာသနာ့အနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေး ၃၄၂ ပါးတို့ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News