က်ဳိင္းတံုၿမိဳ႔ရွိ တပ္မေတာ္ေဆး႐ံုသို့ ေဆးပေဒသာပင္ေပးအပ္လွဴဒါန္း၊ ေဆး႐ံုတက္ေရာက္ကုသမႈ ခံယူသူ မ်ားအား ၾကည္႕႐ႈအားေပး 

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၂၃ 

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ဳိင္းတံုၿမိဳ႕ရွိတပ္မေတာ္ေဆး႐ံုသုိ႔ ေဆးပေဒသာပင္အလွဴေငြေပးအပ္ျခင္းကို ယေန႔ေန႔လယ္ပုိင္းတြင္အဆုိပါေဆး႐ံု၌ျပဳလုပ္ရာ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ခင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ေပးအပ္လွဴဒါန္းသည္။ 

ဦးစြာ တုိင္းမွဴးက ေဆးပေဒသာပင္အလွဴေငြလွဴဒါန္းရျခင္းႏွင့္ပတ္သက္၍ အမွာစကားေျပာၾကားသည္။ ထုိ႔ေနာက္ ေဆးပေဒသာပင္အလွဴေငြက်ပ္ သိန္း ၂၀ အား ေပးအပ္လွဴဒါန္းရာ ေဆး႐ံုမွတာ၀န္ရွိသူတစ္ဦးက လက္ခံရယူၿပီး ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။ 

ယင္းေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ေဆး႐ံုတက္ေရာက္ကုသမႈခံယူလ်က္ရွိေသာအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သြားေရာက္ၾကည့္႐ႈၿပီး တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈ၊ ေဆး၀ါးကုသေပးထားမႈႏွင့္ က်န္းမာေရး တုိးတက္မႈအေျခအေနမ်ားကို ရင္းရင္းႏွီးႏွီးေမးျမန္းအားေပးစကားေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္၍ လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

     

ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံသို့ ဆေးပဒေသာပင်ပေးအပ်လှူဒါန်း၊ ဆေးရုံတက်ရောက်ကုသမှု ခံယူသူ များအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၂၃ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိတပ်မတော်ဆေးရုံသို့ ဆေးပဒေသာပင်အလှူငွေပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင်အဆိုပါဆေးရုံ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်လှူဒါန်းသည်။ 

ဦးစွာ တိုင်းမှူးက ဆေးပဒေသာပင်အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဆေးပဒေသာပင်အလှူငွေကျပ် သိန်း ၂၀ အား ပေးအပ်လှူဒါန်းရာ ဆေးရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 
 

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသောအရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                  

Recent News