

 


 


 

(Unicode Version)

 

ပုသိမ်မြို့ ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၂၃ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နေ့ လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ အားပေးသည်။ 

ဦးစွာ တိုင်းမှူးက တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာ ရေးတိုးတက်မှု အခြေ အနေ များကို ရင်းရင်း နှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News