အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၏ (၂၂) ႀကိမ္ေျမာက္ ဓမၼစၾကာရြတ္ဆို ပူေဇာ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္ 

ေနျပည္ေတာ္ ႏုိဝင္ဘာ ၂၃

 

 အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၏ (၂၂) ႀကိမ္ေျမာက္ ဓမၼစၾကာရြတ္ဆိုပူေဇာ္ ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္း စစ္ဌာနခ်ဳပ္ ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ရာ မုံရြာၿမိဳ႕ ရန္ကင္းေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာဂႏဝၳ ါ စက ပ႑ိတ၊ ဒြိပိဋကဓရ၊ ဒြိပိဋကေကာဝိဒ ဘဒၵႏၲပညာဝံသ အမွဴးျပဳ ေသာ သံဃာေတာ္မ်ားႏွင့္ သာသနာ့အႏြယ္ ဝင္သီလရွင္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တိုင္းမွဴး ဗိုလ္ခ်ဳပ္ဖုန္းျမတ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ဝတ္ အသင္းမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾက သူမ်ားက ရန္ကင္းေက်ာင္းတိုက္ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူ ေဆာက္ တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူၾကသည္။ 

 

ထို႔ေနာက္ တိုင္းမွဴးႏွင့္ တက္ ေရာက္လာ ၾကသူမ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ ၀တၳဳပစၥည္းမ်ားႏွင့္ ၀တ ဝတဳၳေငြမ်ား ဆက္ကပ္ လွဴဒါန္းၾကသည္။ အဆိုပါဓမၼစၾကာရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲကုိ ႏိုဝင္ဘာ ၂၄ ရက္အထိျပဳလုပ္သြားမည္ ျဖစ္ၿပီး ၿပိဳင္ပြဲတြင္ တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္ ဝတ္အသင္း ၁၂ သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ ရြတ္ဆိုပူေဇာ္ သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ (၂၂) ကြိမ်မြောက် ဓမ္မစကြာရွတ်ဆို ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၂၃ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၂) ကြိမ်မြောက် ဓမ္မစကြာရွတ်ဆိုပူဇော် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂနဝ္ထ ါ စက ပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသ အမှူးပြု သော သံဃာတော်များနှင့် သာသနာ့အနွယ် ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ရန်ကင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက် တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက် ရောက်လာ ကြသူများက သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဝတ ဝတု္ထငွေများ ဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါဓမ္မစကြာရွတ်ဆိုပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်အထိပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် ဝတ်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင် ရွတ်ဆိုပူဇော် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News