ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈခံယူသူမ်ားအား ၾကည့္႐ႈအားေပး 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂၃ 

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိေသာ စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဘ ဗုိလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈၿပီး တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈ၊ ေဆး၀ါးကုသ ေပးထားမႈႏွင့္က်န္းမာေရးတုိးတက္မႈအေျခအေနမ်ားကို ရင္းရင္းႏွီးႏွီးေမးျမန္းအားေပးစကားေျပာၾကားကာ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။ 

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ေဆး႐ံုအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီးလုိအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။         

 

(Unicode Version)

 

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူသူများအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၂၃ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘ ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့်ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။         

Recent News