ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော်၊ ဘရူနိုင်းဘုရင့်တပ်မတော်၊ မလေးရှားတပ်မတော်၊ ဖိလစ်ပိုင်တပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေး





(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ်၊ ဘရူနိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ် ၊ မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်၊ ဖိလစ်ပိုင်တပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ -၂၆

မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့  ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မလက္ကာမြို့ရှိ Casa del Rio Hotel၊ ဧည့်ခန်းမဆောင်၌ ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Apirat  Kongsompong၊ ဘရူနိုင်း ဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Dato Seri Pahlawan Awang Khairul Hamed Bin Awang Haji Lampoh၊ မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi ၊ ဖိလစ်ပိုင်တပ်မတော်ကြည်းတပ်ဦးစီးချုပ် Lieutenant General Macairog S Alberto AFP တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က  နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာတိုးမြှင့်ဆက်ဆံရေး၊ သင်တန်းပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News