ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း (၁၉)ႀကိမ္ေျမာက္ အာဆီယံၾကည္းတပ္ဦးစီးခ်ဳပ္ မ်ားအစည္းအေ၀း 19th ACAMM ပိတ္ပြဲ ဂုဏ္ျပဳညစာစားပြဲတက္ေရာက္

 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ -၂၇

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ႏို၀င္ဘာ ၂၆ ရက္ေဒသ စံေတာ္ခ်ိန္ညပိုင္းတြင္ မေလးရွားႏိုင္ငံ၊ မလကၠာၿမဳိ႕၊ Casa del Rio ဟိုတယ္၊ KD Hang Tuah Ballroom ၌ မေလးရွားတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi ႏွင့္ဇနီးတို႔က တည္ခင္းဧည့္ခံသည့္ (၁၉)ႀကိမ္ေျမာက္ အာဆီယံၾကည္းတပ္ ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM)  ပိတ္ပြဲ  ဂုဏ္ျပဳညစာစားပြဲသို႔ အာဆီယံႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ား ႏွင့္အတူ တက္ေရာက္သည္။

အဆိုပါဂုဏ္ျပဳညစာစားပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အတူ အာဆီယံႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္ ကိုယ္စားလွယ္အဖြဲ႕၀င္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ မေလးရွားၾကည္းတပ္ဦးစီးခ်ဳပ္က ႀကဳိဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)သည္ အာဆီယံၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္ အတူ ဂုဏ္ျပဳညစာကိုအတူတကြ သုံးေဆာင္ၾကသည္။ ညစာသုံးေဆာင္ေနစဥ္အတြင္း မေလးရွား ၾကည္းတပ္အဖြဲ႕က အာဆီယံေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖၾကသည္။ ထို႔ေနာက္ မေလးရွား တပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)အပါအ၀င္ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္လာၾကသည့္ အာဆီယံၾကည္းတပ္ဦးစီးခ်ဳပ္ မ်ားအား အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဂုဏ္ျပဳညစာစားပြဲမတိုင္မီ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အဖြဲ႕၀င္မ်ားသည္ မလကၠာၿမဳိ႕၏ ေန၀င္ဆည္းဆာအလွမ်ားကို လွည့္လည္ၾကည့္႐ႈ ေလ့လာ ၾကသည္။

အဆိုပါ မလကၠာၿမဳိ႕သည္ မေလးရွားႏုိင္ငံ၊ မလကၠာျပည္နယ္တြင္တည္ရွိၿပီး ဒုတိယအေသးငယ္ဆုံး ျပည္နယ္ျဖစ္သည္။ မလကၠာေရလက္ၾကားႏွင့္ ပင္နီစူးလားကြၽန္း၏ ေတာင္ဘက္ပိုင္းတြင္တည္ရွိကာ ေျမာက္ဘက္ႏွင့္အေနာက္ဘက္တြင္ နီဂရီစင္ဘီလန္း ျပည္နယ္၊ ေတာင္ဘက္ပိုင္းတြင္ ဂ်ဳိဟိုး ျပည္နယ္တို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိၿပီး မေလးရွားသမုိင္းတြင္ ထင္ရွားဆုံးမလကၠာ ဆိပ္ကမ္းၿမဳိ႕တည္ရွိခဲ့သည့္ ျပည္နယ္ျဖစ္ကာ ၿမဳိ႕ေတာ္မွာ မလကၠာၿမဳိ႕ျဖစ္သည္။ ၁၃၇၇ ခုႏွစ္မတိုင္မီက မေလးေစာ္ဘြားမ်ား အုပ္ခ်ဳပ္သည့္ တံငါရြာတစ္ရြာအျဖစ္သာ တည္ရွိခဲ့ကာ ၁၃၉၆ ခုႏွစ္၊ မေလးေစာ္ဘြား ပါရာမီဆြာရာ လက္ထက္တြင္ အခ်က္အခ်ာဆိပ္ကမ္းၿမဳိ႕အျဖစ္ တည္ေထာင္ ခဲ့သည္။ မလကၠာၿမဳိ႕သည္  ၂၀၀၈ ခုႏွစ္၊ ဇူလိုင္ ၇ ရက္တြင္ ယူနက္စ္ကို၏ ကမၻာ့အေမြအႏွစ္ သမုိင္း၀င္ေရွးေဟာင္းၿမဳိ႕အျဖစ္ စာရင္း၀င္ခဲ့ကာ ကိုလိုနီလက္ေအာက္မက်ေရာက္ခ်ိန္ထိ မလကၠာ ဆူလတန္ ဘုရင္လက္ထက္တြင္ ကူးသန္းေရာင္း၀ယ္ေရး၌ ေအာင္ျမင္ေသာဆိပ္ကမ္းၿမဳိ႕အျဖစ္ ၁၉ ရာစုအထိ အေရးပါခဲ့သည္။ ေပၚတူဂီ၊ ဒတ္ခ်္ႏွင့္ၿဗိတိသွ်တို႔၏ ကိုလိုနီနယ္ေျမအျဖစ္ က်ေရာက္ခဲ့ၿပီး ၿမဳိ႕၏အထင္ကရေနရာမ်ားမွာ Bukit Cina ေတာင္ကုန္း၊ Cheng Hoong Teng Temple ၊ Sultan's Well ၊ Portuguses Square၊ မလကၠာျပတိုက္၊ ေရွးေဟာင္းရြက္ေလွစစ္သေဘၤာျပတိုက္၊ A' Famosa Theme Park၊ Malaka  Sentral ၊ Menara Taming Sari ၊ ကမ္းေျခမ်ားျဖစ္သည့္ Kelebang Besar၊ Tanjung  Keling ႏွင့္ Tanjung  Bidara စသည့္ကမ္းေျခမ်ားျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ် များအစည်းအဝေး 19th ACAMM  ပိတ်ပွဲ ဂုဏ်ပြုညစာစားပွဲတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ -၂၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်ဒေသ စံတော်ချိန်ညပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ Casa del Rio ဟိုတယ်၊ KD Hang Tuah Ballroom ၌ မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM)  ပိတ်ပွဲ  ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ နှင့်အတူ တက်ရောက်သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ မလေးရှားကြည်းတပ်ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း မလေးရှား ကြည်းတပ်အဖွဲ့က အာဆီယံတေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အပါအဝင် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံကြည်းတပ်ဦးစီးချုပ် များအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲမတိုင်မီ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မလက္ကာမြို့၏ နေဝင်ဆည်းဆာအလှများကို လှည့်လည်ကြည့်ရှု လေ့လာ ကြသည်။

အဆိုပါ မလက္ကာမြို့သည် မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ်တွင်တည်ရှိပြီး ဒုတိယအသေးငယ်ဆုံး ပြည်နယ်ဖြစ်သည်။ မလက္ကာရေလက်ကြားနှင့် ပင်နီစူးလားကျွန်း၏ တောင်ဘက်ပိုင်းတွင်တည်ရှိကာ မြောက်ဘက်နှင့်အနောက်ဘက်တွင် နီဂရီစင်ဘီလန်း ပြည်နယ်၊ တောင်ဘက်ပိုင်းတွင် ဂျိုဟိုး ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး မလေးရှားသမိုင်းတွင် ထင်ရှားဆုံးမလက္ကာ ဆိပ်ကမ်းမြို့တည်ရှိခဲ့သည့် ပြည်နယ်ဖြစ်ကာ မြို့တော်မှာ မလက္ကာမြို့ဖြစ်သည်။ ၁၃၇၇ ခုနှစ်မတိုင်မီက မလေးစော်ဘွားများ အုပ်ချုပ်သည့် တံငါရွာတစ်ရွာအဖြစ်သာ တည်ရှိခဲ့ကာ ၁၃၉၆ ခုနှစ်၊ မလေးစော်ဘွား ပါရာမီဆွာရာ လက်ထက်တွင် အချက်အချာဆိပ်ကမ်းမြို့အဖြစ် တည်ထောင် ခဲ့သည်။ မလက္ကာမြို့သည်  ၂၀၀၈ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ယူနက်စ်ကို၏ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်ရှေးဟောင်းမြို့အဖြစ် စာရင်းဝင်ခဲ့ကာ ကိုလိုနီလက်အောက်မကျရောက်ချိန်ထိ မလက္ကာ ဆူလတန် ဘုရင်လက်ထက်တွင် ကူးသန်းရောင်းဝယ်ရေး၌ အောင်မြင်သောဆိပ်ကမ်းမြို့အဖြစ် ၁၉ ရာစုအထိ အရေးပါခဲ့သည်။ ပေါ်တူဂီ၊ ဒတ်ချ်နှင့်ဗြိတိသျှတို့၏ ကိုလိုနီနယ်မြေအဖြစ် ကျရောက်ခဲ့ပြီး မြို့၏အထင်ကရနေရာများမှာ Bukit Cina တောင်ကုန်း၊ Cheng Hoong Teng Temple ၊ Sultan's Well ၊ Portuguses Square၊ မလက္ကာပြတိုက်၊ ရှေးဟောင်းရွက်လှေစစ်သင်္ဘောပြတိုက်၊ A' Famosa Theme Park၊ Malaka  Sentral ၊ Menara Taming Sari ၊ ကမ်းခြေများဖြစ်သည့် Kelebang Besar၊ Tanjung  Keling နှင့် Tanjung  Bidara စသည့်ကမ်းခြေများဖြစ်ကြောင်း သတင်းရရှိသည်။

Recent News