ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း (28th ASEAN Armies Rifle Meet-28th AARM) ပိတ္ပြဲအခမ္းအနားတက္ေရာက္

 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ -၂၇

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီတြင္ မေလးရွားႏုိင္ငံ၊ မလကၠာၿမိဳ႕ရွိ Terendak Camp ၌ ျပဳလုပ္သည့္ (၂၈)ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ (28th  ASEAN Armies Rifle Meet- 28th AARM)ပိတ္ပြဲအခမ္းအနားသို႔ အာဆီယံႏိုင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္အတူ တက္ေရာက္သည္။

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အာဆီယံ ႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားသည္ ႐ိုင္ဖယ္ပစ္ခတ္စဥ္ ဗိုလ္လုပြဲပြဲစဥ္ ယွဥ္ၿပဳိင္မႈအျဖစ္ အုပ္စု(ေအ)မွ ပထမရရွိေသာ ထိုင္းႏုိင္ငံကိုယ္စားျပဳေသနတ္ပစ္အသင္းႏွင့္ အုပ္စု(ဘီ)မွ ဒုတိယ ရရွိေသာ ထိုင္းႏိုင္ငံကိုယ္စားျပဳေသနတ္ပစ္အသင္းတို႔ ယွဥ္ၿပဳိင္ပစ္ခတ္မႈမ်ားအား ၾကည့္႐ႈအားေပး ၾကသည္။

ထို႔ေနာက္ Noventy shoot ပစ္ခတ္စဥ္၌ အာဆီယံတပ္မေတာ္မ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ား၊ အဖြဲ႕၀င္အရာရွိႀကီးမ်ားႏွင့္အတူ ပါ၀င္ယွဥ္ၿပဳိင္ခဲ့ၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ ေသနတ္ပစ္ၿပဳိင္ပြဲဆုေပးပြဲကို ဆက္လက္က်င္းပရာ မေလးရွား ၾကည္းတပ္ဦးစီးခ်ဳပ္ General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi က တစ္ဦးခ်င္းႏွင့္အဖြဲ႕လိုက္ဆုရရွိသူမ်ားအား ဆုမ်ားအသီးသီး ခ်ီးျမႇင့္ျခင္း၊ ပိတ္ပြဲအခမ္းအနား မိန္႔ခြန္းေျပာၾကားျခင္းႏွင့္ ၂၀၁၉ခုႏွစ္တြင္ (၂၉)ႀကိမ္ေျမာက္အာဆီယံႏုိင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ(29th  ASEAN Armies Rifle Meet- 29th AARM)ၿပဳိင္ပြဲအား အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ အင္ဒိုနီးရွားတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Lieutenant General Tatang Sulaiman ထံသို႔ AARM အထိမ္းအမွတ္အလံအား လႊဲေျပာင္းေပးအပ္ရာ အင္ဒိုနီးရွားတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္က လက္ခံရယူၿပီး ႀကဳိဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)က အာဆီယံ ေသနတ္ပစ္ၿပဳိင္ပြဲ၌ ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳေသနတ္ပစ္ အသင္းမွ ဆုတံဆိပ္ရရွိသည့္ အဖြဲ႕ႏွင့္ ေသနတ္ပစ္အသင္းအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ေငြမ်ား အသီးသီးေပးအပ္ၿပီး ရင္းရင္းႏွီးႏွီး အမွာစကား ေျပာၾကားကာ အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။ ယခုႏွစ္ (၂၈)ႀကိမ္ ေျမာက္အာဆီယံေသနတ္ပစ္ၿပဳိင္ပြဲ၌ ျမန္မာ့တပ္မေတာ္ကုိယ္စားျပဳေသနတ္ပစ္အသင္းအေနျဖင့္ ေရႊတံဆိပ္ ၂ ခု၊ ေငြတံဆိပ္ ၁ ခုႏွင့္ ေၾကးတံဆိပ္ ၁ ခုရရွိခဲ့ၿပီး ၿပဳိင္ပြဲ၀င္ ၁၀ ႏိုင္ငံ အနက္ အဆင့္ ၄ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (28th  ASEAN Armies Rifle Meet-28th AARM) ပိတ်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ -၂၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ Terendak Camp ၌ ပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th  ASEAN Armies Rifle Meet- 28th AARM)ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်သည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် ရိုင်ဖယ်ပစ်ခတ်စဉ် ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်မှုအဖြစ် အုပ်စု(အေ)မှ ပထမရရှိသော ထိုင်းနိုင်ငံကိုယ်စားပြုသေနတ်ပစ်အသင်းနှင့် အုပ်စု(ဘီ)မှ ဒုတိယ ရရှိသော ထိုင်းနိုင်ငံကိုယ်စားပြုသေနတ်ပစ်အသင်းတို့ ယှဉ်ပြိုင်ပစ်ခတ်မှုများအား ကြည့်ရှုအားပေး ကြသည်။

ထို့နောက် Noventy shoot ပစ်ခတ်စဉ်၌ အာဆီယံတပ်မတော်များမှ ကြည်းတပ်ဦးစီးချုပ်များ၊ အဖွဲ့ဝင်အရာရှိကြီးများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် သေနတ်ပစ်ပြိုင်ပွဲဆုပေးပွဲကို ဆက်လက်ကျင်းပရာ မလေးရှား ကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi က တစ်ဦးချင်းနှင့်အဖွဲ့လိုက်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်း၊ ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခြင်းနှင့် ၂၀၁၉ခုနှစ်တွင် (၂၉)ကြိမ်မြောက်အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ(29th  ASEAN Armies Rifle Meet- 29th AARM)ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် Lieutenant General Tatang Sulaiman ထံသို့ AARM အထိမ်းအမှတ်အလံအား လွှဲပြောင်းပေးအပ်ရာ အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်က လက်ခံရယူပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အာဆီယံ သေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်ကိုယ်စားပြုသေနတ်ပစ် အသင်းမှ ဆုတံဆိပ်ရရှိသည့် အဖွဲ့နှင့် သေနတ်ပစ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ အသီးသီးပေးအပ်ပြီး ရင်းရင်းနှီးနှီး အမှာစကား ပြောကြားကာ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယခုနှစ် (၂၈)ကြိမ် မြောက်အာဆီယံသေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်ကိုယ်စားပြုသေနတ်ပစ်အသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံ အနက် အဆင့် ၄ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News