ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း (28th ASEAN Armies Rifle Meet-28th AARM) ပိတ္ပြဲညစာစားပြဲအခမ္းအနားတက္ေရာက္

 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ -၂၈

(၂၈)ႀကိမ္ေျမာက္ အာဆီယႏိုင္ငံ တပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ္ပြဲညစာစားပြဲအခမ္းအနားကို ႏို၀င္ဘာ ၂၇ ေဒသစံေတာ္ခ်ိန္ ညပုိင္းတြင္ မလကၠာၿမဳိ႕ရွိ Tiaramelaka ဟိုတယ္၊ Dewan Tun Ali ခန္းမ၌ ျပဳလုပ္ရာ မေလးရွားၾကည္းတပ္ဦးစီးခ်ဳပ္ General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ အာဆီယံႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္ ကိုယ္စားလွယ္ အဖြဲ႕၀င္မ်ား  တက္ေရာက္ၾကသည္။

ဦးစြာ မေလးရွားၾကည္းတပ္ဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး အာဆီယံႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားႏွင့္အတူ ညစာကိုအတူတကြ သုံးေဆာင္ၾကသည္။ ညစာမသုံးေဆာင္မီႏွင့္ သုံးေဆာင္ေနစဥ္အတြင္း မေလးရွားၾကည္းတပ္အဖြဲ႕မွ ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖၾကသည္။

ညစာစားပြဲအၿပီးတြင္  ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အာဆီယံႏုိင္ငံမ်ားမွ ၾကည္းတပ္ဦးစီးခ်ဳပ္မ်ားသည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (28th  ASEAN Armies Rifle Meet-28th AARM) ပိတ်ပွဲညစာစားပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ -၂၈

(၂၈)ကြိမ်မြောက် အာဆီယနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ်ပွဲညစာစားပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ ဒေသစံတော်ချိန် ညပိုင်းတွင် မလက္ကာမြို့ရှိ Tiaramelaka ဟိုတယ်၊ Dewan Tun Ali ခန်းမ၌ ပြုလုပ်ရာ မလေးရှားကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ဦးစွာ မလေးရှားကြည်းတပ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မလေးရှားကြည်းတပ်အဖွဲ့မှ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

ညစာစားပွဲအပြီးတွင်  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News