ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ မေလးရွားႏုိင္ငံ၊ မလကၠာၿမိဳ႕ရွိ အထင္ကရေနရာမ်ားအား သြားေရာက္ ေလ့လာ၊ မေလးရွားႏိုင္ငံမွ ျပန္လည္ေရာက္ရွိ

 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ - ၂၉

မေလးရွားႏိုင္င၊ံ မလကၠာၿမဳိ႕၌ က်င္းပျပဳလုပ္သည့္ (၁၉)ႀကိမ္ေျမာက္ အာဆီယံ ၾကည္းတပ္ ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM) ႏွင့္ (၂၈)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ပစ္ၿပဳိင္ပြဲ (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ္ပြဲအခမ္းအနားသို႔တက္ေရာက္ခဲ့ေသာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ႏို၀င္ဘာ ၂၈ ရက္ေဒသစံေတာ္ခ်ိန္ နံနက္ ၇ နာရီခြဲတြင္ မလကၠာၿမဳိ႕ရွိ A' Famosa ခံတပ္ေဟာင္းႏွင့္ St. Paul's Church ေက်ာင္းတုိ႔သို႔ သြားေရာက္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသည္။

A' Famosa ခံတပ္ေဟာင္းသည္ မေလးရွားႏုိင္ငံ၊ မလကၠာၿမဳိ႕တြင္ တည္ရွိကာ ေပၚတူဂီခံတပ္ေဟာင္း တစ္ခုျဖစ္ၿပီး အေရွ႕ေတာင္အာရွႏွင့္အေရွ႕ဖ်ားေဒသတြင္   ေရွးအက်ဆုံးေသာ ဥေရာပအေမြအႏွစ္ လက္ရာအစိတ္အပိုင္းတစ္ခုအေနျဖင့္ က်န္ရွိေနသည့္ ခံတပ္ေဟာင္းတစ္ခုျဖစ္သည္။ မလကၠာၿမဳိ႕အား ေပၚတူဂီတပ္မ်ားက ၁၅၁၁ ခုႏွစ္မွ ၁၆၄၁ ခုႏွစ္ထိသိမ္းယူခဲ့စဥ္က တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၀၈ ခုႏွစ္၊ ဧၿပီ ၁၈ ရက္တြင္ အမ်ားျပည္သူမ်ား ၀င္ေရာက္ၾကည့္႐ႈေလ့လာႏိုင္ရန္ ျပတိုက္အား တရား၀င္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

St. Paul's Church ေက်ာင္းသည္ မလကၠာၿမိဳ႕ေတာ္၊ A' Famosa ခံတပ္ေဟာင္း ၀န္းအတြင္းရွိ      St. Paul's ေတာင္ကုန္းေပၚတြင္ တည္ရွိၿပီး ၁၅၂၁ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ေသာ သမုိင္း၀င္ Church ေက်ာင္းတစ္ခုျဖစ္သည္။ အဆုိပါ St. Paul's Church ေက်ာင္းသည္ မေလးရွားႏုိင္ငံတြင္သာမက အေရွ႕ေတာင္အာရွေဒသတြင္လည္း ေရွးအက်ဆုံး Church ေက်ာင္းတစ္ခုျဖစ္ကာ ယခုအခါ ျပတုိက္အေနျဖင့္ ထိန္းသိမ္းထားေၾကာင္း သိရွိရသည္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ႏို၀င္ဘာ ၂၈ ရက္ေဒသ စံေတာ္ခ်ိန္ ၁ နာရီတြင္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူအျပည္ျပည္ဆုိင္ရာေလဆိပ္မွ ေလေၾကာင္း ခရီးျဖင့္ ထိုင္းႏိုင္ငံ၊ သု၀ဏၰဘူမိ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ထြက္ခြာၾကရာ မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးစိန္ဦး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) စစ္သံမွဴး ဗိုလ္မွဴးခ်ဳပ္ သက္ထြန္းေအာင္၊ မေလးရွားၾကည္းတပ္စစ္ေဆးေရးအရာရွိခ်ဳပ္ Major General Datuk Adnan Bin Abu Bakar ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္၌ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ႏို၀င္ဘာ ၂၉ ရက္ ေဒသစံေတာ္ခ်ိန္ ည၇ နာရီ မိနစ္ ၂၀ တြင္ ထိုင္းႏိုင္ငံ၊ သု၀ဏၰဘူမိအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ေလေၾကာင္းခရီးျဖင့္ ဆက္လက္ ထြက္ခြာလာရာ ျမန္မာႏုိင္ငံသို႔ ည ၈ နာရီတြင္ ျပန္လည္ေရာက္ရွိၾကရာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားႏိုင္ငံစစ္သံမွဴး Colonel Abdul Razak Bin Haron ႏွင့္တာ၀န္ရွိသူတို႔က ေလဆိပ္တြင္ ႀကဳိဆိုႏႈတ္ဆက္ခဲ့ၾက သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ အထင်ကရနေရာများအား သွားရောက် လေ့လာ၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

မလေးရှားနိုင်င၊ံ မလက္ကာမြို့၌ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM) နှင့် (၂၈)ကြိမ်မြောက် အာဆီယံႏိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th  ASEAN Armies Rifle Meet- 28th AARM) ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် မလက္ကာမြို့ရှိ A' Famosa ခံတပ်ဟောင်းနှင့် St. Paul's Church ကျောင်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသည်။

A' Famosa ခံတပ်ဟောင်းသည် မလေးရှားနိုင်ငံ၊ မလက္ကာမြို့တွင် တည်ရှိကာ ပေါ်တူဂီခံတပ်ဟောင်း တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနှင့်အရှေ့ဖျားဒေသတွင်   ရှေးအကျဆုံးသော ဥရောပအမွေအနှစ် လက်ရာအစိတ်အပိုင်းတစ်ခုအနေဖြင့် ကျန်ရှိနေသည့် ခံတပ်ဟောင်းတစ်ခုဖြစ်သည်။ မလက္ကာမြို့အား ပေါ်တူဂီတပ်များက ၁၅၁၁ ခုနှစ်မှ ၁၆၄၁ ခုနှစ်ထိသိမ်းယူခဲ့စဉ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ပြတိုက်အား တရားဝင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

St. Paul's Church ကျောင်းသည် မလက္ကာမြို့တော်၊ A' Famosa ခံတပ်ဟောင်း ဝန်းအတွင်းရှိ      St. Paul's တောင်ကုန်းပေါ်တွင် တည်ရှိပြီး ၁၅၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သော သမိုင်းဝင် Church ကျောင်းတစ်ခုဖြစ်သည်။ အဆိုပါ St. Paul's Church ကျောင်းသည် မလေးရှားနိုင်ငံတွင်သာမက အရှေ့တောင်အာရှဒေသတွင်လည်း ရှေးအကျဆုံး Church ကျောင်းတစ်ခုဖြစ်ကာ ယခုအခါ ပြတိုက်အနေဖြင့် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်ဒေသ စံတော်ချိန် ၁ နာရီတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာကြရာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိန်ဦး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) စစ်သံမှူး ဗိုလ်မှူးချုပ် သက်ထွန်းအောင်၊ မလေးရှားကြည်းတပ်စစ်ဆေးရေးအရာရှိချုပ် Major General Datuk Adnan Bin Abu Bakar နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ည၇ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာလာရာ မြန်မာနိုင်ငံသို့ ည ၈ နာရီတွင် ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံစစ်သံမှူး Colonel Abdul Razak Bin Haron နှင့်တာဝန်ရှိသူတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြ သတင်းရရှိသည်။

Recent News