အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဆိုပူေဇာ္ ၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္ 

 

ေနျပည္ေတာ္ ႏုိဝင္ဘာ ၂၉ 

 

အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၏ ပ႒ာန္းေဒသနာေတာ္ ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းတြင္ မႏၲေလး နန္းၿမိဳ႕အတြင္း နန္းဦးဆုေတာင္းျပည့္ ျမတ္စြာဘုရားရွိ ရန္ေအာင္ျမင္ဓမၼာ႐ံု၌ ျပဳလုပ္ရာ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဟာနႏၵီေသနာရာမတိုက္ နဝမအုဌ္ေက်ာင္း ပဓာနနာယက ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ ဥကၠ႒ အဂၢမဟာဂႏၳ ဝါစကပ႑ိတ ဘဒၵႏၲဝိလာသ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ဝတ္ရြတ္ အသင္းမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ တက္ေရာက္လာၾကသူမ်ားက ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေတာင္ထီးလင္းတိုက္ ကြန္ခ်ာေက်ာင္း ပဓာနနာယက ဘဒၵႏၲစႏၵာသီရိထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူၾကကာ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾကသည္။ အဆိုပါပ႒ာန္း ေဒသနာေတာ္ရြတ္ဆို ပူေဇာ္ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္ဝတ္အသင္း ၂၂ သင္းျဖင့္ ဒီဇင္ဘာ ၃ ရက္အထိ ယွဥ္ၿပိဳင္ရြတ္ဆို ပူေဇာ္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၂၉ 

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး နန်းမြို့အတွင်း နန်းဦးဆုတောင်းပြည့် မြတ်စွာဘုရားရှိ ရန်အောင်မြင်ဓမ္မာရုံ၌ ပြုလုပ်ရာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာနန္ဒီသေနာရာမတိုက် နဝမအုဌ်ကျောင်း ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တက်ရောက်လာကြသူများက ချမ်းမြသာစည်မြို့နယ် တောင်ထီးလင်းတိုက် ကွန်ချာကျောင်း ပဓာနနာယက ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါပဋ္ဌာန်း ဒေသနာတော်ရွတ်ဆို ပူဇော်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ်အသင်း ၂၂ သင်းဖြင့် ဒီဇင်ဘာ ၃ ရက်အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News