(၂၈) ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံ တပ္မေတာ္(ၾကည္း)မ်ားေသနတ္ပစ္ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားျပဳ ေသနတ္ပစ္အသင္း ျပန္လည္ေရာက္ရွိ

 

ေနျပည္ေတာ္ ႏုိဝင္ဘာ ၃ဝ

မေလးရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ (၂၈)ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံ တပ္မေတာ္ (ၾကည္း)မ်ား ေသနတ္ပစ္ၿပိဳင္ပြဲသို႔ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳ ေသနတ္ပစ္အသင္းသည္ ယေန႔ညေန ၄နာရီခြဲတြင္ ေနျပည္ေတာ္ေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ျမင့္ေမာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္ အရာရိွႀကးီ မ်ား၊ အရာရိ၊ွ စစ္သည္၊ မိသားစုမ်ား က ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

အဆိုပါ ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳ ေသနတ္ပစ္အသင္းသည္ (၂၈)ႀကိမ္ေျမာက္ အာဆီယံႏုိင္ငံတပ္မေတာ္(ၾကည္း)မ်ား ေသနတ္ ပစ္ၿပိဳင္ပြဲတြင္ ႐ိုင္ဖယ္ပြဲစဥ္ (၃) တစ္ဦးခ်င္း ပစ္ခတ္စဥ္၌ တပ္ၾကပ္ျမင့္ႏုိင္ဦးက ေရႊတံဆိပ္တစ္ခု၊ ပစၥတိုအမ်ဳိးသမီးပြဲစဥ္(၄) ထိလဲပစ္ ခတ္စဥ္၌ ေရႊတံဆိပ္တစ္ခု၊ ပစၥတိုအမ်ဳိးသား ပြဲစဥ္ (၄)အသင္းလိုက္ပြဲစဥ္၌ ေငြတံဆိပ္တစ္ခု၊ ပစၥတုိအမ်ဳိးသားပြဲစဥ္(၅) ထိလဲပစ္ခတ္စဥ္၌ ေၾကးတံဆိပ္တစ္ခု၊ စုစုေပါင္း ေရႊတံဆိပ္ႏွစ္ခု၊ ေငြတံဆိပ္တစ္ခုႏွင့္ ေၾကးတံဆိပ္တစ္ခုရရွိခဲ့ကာ ၿပိဳင္ပြဲဝင္ ၁ဝ ႏုိင္ငံအနက္ အဆင့္ ၄ ရရွိ ခဲ့သည္။

ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳေသနတ္ပစ္ အသင္းတြင္ အသင္းေခါင္းေဆာင္ ဒုတိယ ဗိုလ္မွဴးႀကီး သိန္းစိုးထြန္း ဦးေဆာင္၍ အုပ္ခ်ဳပ္သူနည္းျပ ၂၄ ဦးႏွင့္ ေသနတ္ပစ္အားကစားသမား ၃၁ ဦး စုစုေပါင္း ၅၅ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ ကစားခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၂၈) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့တပ်မတော် ကိုယ်စားပြု သေနတ်ပစ်အသင်း ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၃ဝ

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းသည် ယနေ့ညနေ ၄နာရီခွဲတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြးီ များ၊ အရာရိ၊ှ စစ်သည်၊ မိသားစုများ က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းသည် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲတွင် ရိုင်ဖယ်ပွဲစဉ် (၃) တစ်ဦးချင်း ပစ်ခတ်စဉ်၌ တပ်ကြပ်မြင့်နိုင်ဦးက ရွှေတံဆိပ်တစ်ခု၊ ပစ္စတိုအမျိုးသမီးပွဲစဉ်(၄) ထိလဲပစ် ခတ်စဉ်၌ ရွှေတံဆိပ်တစ်ခု၊ ပစ္စတိုအမျိုးသား ပွဲစဉ် (၄)အသင်းလိုက်ပွဲစဉ်၌ ငွေတံဆိပ်တစ်ခု၊ ပစ္စတိုအမျိုးသားပွဲစဉ်(၅) ထိလဲပစ်ခတ်စဉ်၌ ကြေးတံဆိပ်တစ်ခု၊ စုစုပေါင်း ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့ကာ ပြိုင်ပွဲဝင် ၁ဝ နိုင်ငံအနက် အဆင့် ၄ ရရှိ ခဲ့သည်။

မြန်မာ့တပ်မတော်ကိုယ်စားပြုသေနတ်ပစ် အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူနည်းပြ ၂၄ ဦးနှင့် သေနတ်ပစ်အားကစားသမား ၃၁ ဦး စုစုပေါင်း ၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News