ရဲမြန္တပ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္

ရဲမြန္တပ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္

ေနျပည္ေတာ္ ဒီဇင္ဘာ ၄
 
ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ ရဲမြန္တပ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ) ပတ္ဝန္းက်င္ သန္႔ရွင္းသာယာလွပေရးအတြက္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ တုိင္းစစ္ဌာနခ်ဳပ္ အင္းတိုင္တပ္နယ္မွ တပ္မေတာ္သားမ်ားက စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ တပ္မေတာ္သားမ်ားက ေက်ာင္းဝင္း အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ သန္႔ရွင္းေရး ျပဳလုပ္ျခင္းႏွင့္ အမႈိက္မ်ားရွင္းလင္းျခင္းတို႔ကို စုေပါင္း ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရဲမွန်တပ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် အင်းတိုင်တပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News