စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္း ဟႏြိဳင္းေဒသ စစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴးႏွင့္ စစ္ဦးစီး အရာရွိခ်ဳပ္ MAJOR GENERAL BUI TRONG QUYNH ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႔အားေတြ႔ဆံု 

 

ေနျပည္ေတာ္ ဒီဇင္ဘာ ၅ 

 

စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္းသည္ ဗီယက္နမ္ ဆုိရွယ္လစ္ သမၼတႏုိင္ငံ၊ ဟႏိြဳင္းေဒသစစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴးႏွင့္ စစ္ဦးစီး အရာရွိခ်ဳပ္ Major General Bui Trong Quynhဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၊ ေပါင္းေလာင္းရိပ္သာ၌ လက္ခံေတြ႕ဆံုသည္။ 

 

ထုိသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏုိင္ငံ တပ္မေတာ္ ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ စစ္ဘက္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုျမႇင့္တင္ ေဆာင္ရြက္ေရး၊ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရး အတြက္ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ဆုိင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ ေဆြးေႏြးခဲ့ၾကသည္။

 

ေတြ႕ဆံုပြဲအၿပီးတြင္ စစ္ဦးစီးအရာရွိခ်ဳပ္ (ၾကည္း) ဗိုလ္ခ်ဳပ္မုိးျမင့္ထြန္းႏွင့္ ဟႏိြဳင္းေဒသ စစ္ဌာနခ်ဳပ္ ဒုတိယတုိင္းမွဴးႏွင့္ စစ္ဦးစီး အရာရွိခ်ဳပ္ Major General Bui Trong Quynh တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ကာ အမွတ္တရစုေပါင္း ဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်း ဟနွိုင်းဒေသ စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် စစ်ဦးစီး အရာရှိချုပ် MAJOR GENERAL BUI TRONG QUYNH ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားတွေ့ဆုံ 

နေပြည်တော် ဒီဇင်ဘာ ၅ 

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းဒေသစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် စစ်ဦးစီး အရာရှိချုပ် Major General Bui Trong Quynhဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် ဟနွိုင်းဒေသ စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် စစ်ဦးစီး အရာရှိချုပ် Major General Bui Trong Quynh တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News