ၿမိတ္ၿမိဳ႔နယ္ အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႔ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၅ 

တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားကို ယေန႔နံနက္ပုိင္းတြင္ ကမ္း႐ုိးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက အဆုိပါ ၿမိဳ႕နယ္ရွိ တန္ဖုိးသင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ၌ သြားေရာက္ေတြ႕ဆံု အမွာစကားေျပာၾကားၿပီး စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

ထုိ႔ေနာက္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ စစ္မႈထမ္းေဟာင္း အိမ္ရာေန စစ္သည္မ်ားႏွင့္ မိသားစုဝင္စုစုေပါင္း ၉၁ ဦးတုိ႔ကုိ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ုိး/ အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထိုသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လုိက္လံၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးသည္။ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္မႈထမ္းေဟာင္း အိမ္ရာအတြင္း လွည့္ လည္ၾကည့္႐ႈၿပီး စစ္သည္၊ မိသားစုမ်ား တစ္ပုိင္တစ္ႏုိင္ ေမြးျမဴႏုိင္ရန္အတြက္ ဝက္သားေပါက္မ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

မြိတ်မြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဒီဇင်ဘာ ၅ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက အဆိုပါ မြို့နယ်ရှိ တန်ဖိုးသင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်စုစုပေါင်း ၉၁ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့် လည်ကြည့်ရှုပြီး စစ်သည်၊ မိသားစုများ တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန်အတွက် ဝက်သားပေါက်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News