အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း (အမ်ဳိးသား/အမ်ဳိးသမီး) ေဘာ္လီေဘာၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၅ 

အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္၏၂ဝ၁၈ ခုႏွစ္ တုိင္းမွဴးဒိုင္း (အမ်ဳိးသား/အမ်ဳိးသမီး) ေဘာ္လီေဘာၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ အားကစားခန္းမ၌ ျပဳလုပ္ရာ ဒုတိယတုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္တင္စိုးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ား၊ ၿပိဳင္ပြဲဝင္ အားကစားအသင္းမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ဒုတိယတိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက ၿပိဳင္ပြဲဝင္ အသင္းမ်ား၏ ဗိုလ္လုပြဲ ပြဲစဥ္မ်ား ယွဥ္ၿပိဳင္ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။ 

ထုိ႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ အသင္းလိုက္ ဆုရရွိသူမ်ား၊ တစ္ဦး ခ်င္းဆု ရရွိသူမ်ားႏွင့္ ဒိုင္းဆုရရွိေသာ အသင္းတုိ႔အား ဒုတိယ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဒိုင္းဆုႏွင့္ ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၅ 

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်စိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိသူများ၊ တစ်ဦး ချင်းဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား ဒုတိယ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News