ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ ဗုဒၶေဒသနာေတာ္ ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲ ဆုေပးပြဲ ျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၅

 

 

 ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ ဗုဒၶေဒသနာေတာ္ ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲ ဆုေပးပြဲကို ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ဓမၼာ႐ံု၌ျပဳလုပ္ရာ ျမစ္ႀကီးနားၿမိဳ႕၊ ျပည္နယ္သံဃနာယက အက်ဳိးေတာ္ေဆာင္ ဓမၼရကၡိတဝန္းသုိ ေက်ာင္းတုိက္ဆရာေတာ္ သဒၶမၼေဇာတိကဓဇ၊ မဟာဂႏဝၳ ါစကပ႑တိ ၊ အဂမၢ ဟာဂႏဝၳ ါစကပ႑ိတ၊ အဂၢမဟာပ႑ိတ ဘဒၵႏၲေကတုမာလာ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဒုိင္အဖြဲ႕ဝင္မ်ားႏွင့္ ၿပိဳင္ပြဲဝင္ဝတ္ အသင္းမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ျပည္နယ္ သံဃနာယက အက်ဳိးေတာ္ေဆာင္ ဓမၼရကိၡတ ဝန္းသုိေက်ာင္းတုိက္ ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ 

 

ထုိ႔ေနာက္ ဆုေပးပြဲကုိ ဆက္လက္ျပဳလုပ္ရာ ဆုရရွိေသာ ဝတ္အသင္းမ်ားႏွင့္ ဒုိင္အဖြဲ႕ဝင္မ်ားအား တာဝန္ရွိသူမ်ားက ဆုမ်ားအသီးသီး ေပးအပ္သည္။ အဆုိပါ ဗုဒၶေဒသနာေတာ္ ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲကို ၿပိဳင္ပြဲဝင္ဝတ္အသင္း ၂၄ သင္းျဖင့္ ဒီဇင္ဘာ ၁ ရက္မွ ယေန႔အထိ ယွဥ္ၿပိဳင္ရြတ္ဆုိ ပူေဇာ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၅ 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂနဝ္ထ ါစကပဏ္ဍတိ ၊ အဂမ္ဂ ဟာဂနဝ္ထ ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော ဝတ်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။ အဆိုပါ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ်အသင်း ၂၄ သင်းဖြင့် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News