
နေပြည်တော် ဒီဇင်ဘာ ၅

 


 


 

(Unicode Version)

 

 

တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်  

နေပြည်တော် ဒီဇင်ဘာ ၅ 

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြော ကြားပြီး တက်ရောက်လာကြသူများနှင့် အတူပြိုင်ပွဲဝင် အသင်းများ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါတိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းဖြင့် ဒီဇင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News