
နေပြည်တော် ဒီဇင်ဘာ ၅ 

 


 


 

(Unicode Version)

 

မှော်ဘီမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက် 

နေပြည်တော် ဒီဇင်ဘာ ၅ 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြိုင်သာယာကျေးရွာရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ-၁(ရန်ကုန်) ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် မှော်ဘီတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက အိမ်ရာအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News