တပ္မေတာ္ ပင္လယ္သြား ေဆး႐ံုေရယာဥ္(သံလြင္)မွ တပ္မေတာ္ အထူးကု ေဆးအဖြဲ႔ သံတြဲၿမိဳ႕နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၅ 

 

ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္သို႔ တပ္မေတာ္ပင္လယ္သြား ေဆး႐ုံေရယာဥ္(သံလြင္)ျဖင့္ ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕သည္ ဒီဇင္ဘာ ၄ ရက္ႏွင့္ ၅ ရက္တို႔တြင္ သံတြဲၿမိဳ႕နယ္ သျဗဳခ်ဳိင္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူ ၁၃၃၅ ဦးအား သျဗဳခ်ဳိင္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့သည္။ 

 

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာ ေရာဂါ ၃၃၇ ဦး၊ ခြဲစိတ္ေရာဂါ ၁၅၆ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၁၅ဝ ဦး၊ ကေလးေရာဂါ ၁၂၈ ဦး၊ အ႐ိုးေရာဂါ ၇၂ ဦး၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၉၁ ဦး၊ မ်က္စိေရာဂါ ၁၇၈ ဦးႏွင့္ သြားေရာဂါ ၂၂၃ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးႏိုင္ခဲ့သည္။ 

 

ထို႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂ဝ၇ ဦး၊ ဓာတ္ခြဲစမ္းသပ္လူနာ ၈၁ ဦး၊ ECG ႏွလံုးစမ္းသပ္လူနာ ၁၄၇ ဦး၊ ကြန္ပ်ဴတာ ဓာတ္မွန္႐ိုက္လူနာ ၆၉ ဦးႏွင့္ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၁၃၈ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္လိုအပ္သူ ၃၉ ဦးအား ေဆး႐ံုေရ ယာဥ္ေပၚ၌ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် ဒီဇင်ဘာ ၅ 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၃၃၅ ဦးအား သဗြုချိုင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၃၇ ဦး၊ ခွဲစိတ်ရောဂါ ၁၅၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ဝ ဦး၊ ကလေးရောဂါ ၁၂၈ ဦး၊ အရိုးရောဂါ ၇၂ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၉၁ ဦး၊ မျက်စိရောဂါ ၁၇၈ ဦးနှင့် သွားရောဂါ ၂၂၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝ၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၁ ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၁၄၇ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ ၆၉ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၃၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၃၉ ဦးအား ဆေးရုံရေ ယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News