ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုး လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္ စစ္ေၾကာင္းမ်ားအား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေႏွာင့္ယွက္တိုက္ခိုက္ 

ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၆ 

ျမန္မာ၊ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ သံုးႏုိင္ငံနယ္စပ္မ်ဥ္းအနီး ေဆာင္ရြက္လ်က္ရွိသည့္ ကုလားတန္ ျမစ္၀ွမ္းဖြံ႕ၿဖဳိးေရးစီမံကိန္းအား ေႏွာင့္ယွက္ဖ်က္ဆီးလုိျခင္း၊ နယ္စပ္ၿခံစည္း႐ုိး ကာရံျခင္းလုပ္ငန္းမ်ားေဆာင္ ရြက္ေနမႈအေပၚ ေႏွာင့္ယွက္ဖ်က္ဆီးလုိျခင္းႏွင့္ သံုးႏုိင္ငံနယ္စပ္ေဒသ မတည္ၿငိမ္ေစေရးစသည့္ ရည္ရြယ္ ခ်က္မ်ားျဖင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ ေပးလ်က္ရွိသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားအား ၂၀၁၅ ခုႏွစ္မွစ၍ မၾကာခဏ ေႏွာင့္ယွက္ပစ္ခတ္မႈ ရွိသျဖင့္ နယ္စပ္ ေဒသတစ္ေလွ်ာက္ အျပန္အလွန္ထိေတြ႕ပစ္ခတ္မႈမ်ားရွိေနခဲ့သည္။ 

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၃ ရက္တြင္ နယ္ေျမရွင္းလင္းလ်က္ရွိသည့္ တပ္မေတာ္လႈပ္ရွားစစ္ေၾကာင္း တစ္ေၾကာင္း အား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွတ္တုိင္ ဘီပီ-၆၄၏ အေနာက္ ေျမာက္ဘက္ မီတာ ၃၀၀၀ ခန္႔ ေနရာတြင္ ေစာင့္ႀကိဳပစ္ခတ္ေသာ္လည္း တပ္မေတာ္စစ္ေၾကာင္း၏ ျပန္ လည္ပစ္ခတ္ ရွင္းလင္းမႈေၾကာင့္ ဘီပီ-၆၄ သုိ႔ ျပန္လည္ဆုတ္ခြာထြက္ေျပးရာ တပ္မေတာ္စစ္ေၾကာင္း မွလည္း လုိက္လံေခ်မႈန္းခဲ့သျဖင့္ ဘီပီ-၆၄၏ ေျမာက္ဘက္ မီတာ ၂၀၀၀ ခန္႔အကြာ၌ ဒီဇင္ဘာ ၅ ရက္တြင္ ထပ္မံထိေတြ႕တုိက္ပြဲျဖစ္ပြားခဲ့သည္။ 

အလားတူ ႏွစ္ႏုိင္ငံနယ္စပ္မွတ္တုိင္အမွတ္ ဘီပီ-၆၃ ႏွင့္ ဘီပီ-၆၄ ၾကားနယ္စပ္အနီး ပိတ္ဆုိ႔ေရး ေဆာင္ရြက္ရန္ ခ်ီတက္သည့္ တပ္မေတာ္စစ္ေၾကာင္း တစ္ခုကိုလည္း AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ အင္အား ၈၀ ဦးခန္႔က ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံနယ္စပ္မ်ဥ္းေပၚမွ အသင့္ေစာင့္ႀကိဳ၍ ေႏွာင့္ယွက္ တိုက္ခိုက္ခဲ့သျဖင့္ ဒီဇင္ဘာ ၄ ရက္မွ ၅ ရက္အထိ ထိေတြ႕တိုက္ခိုက္မႈ ၃ ႀကိမ္၊ မိုင္းျဖစ္စဥ္ ၃ ႀကိမ္ ထပ္မံ ျဖစ္ပြားခဲ့ၿပီး အဆုိပါေသာင္းက်န္းသူမ်ားမွာ တစ္ဖက္ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းသို႔ ဆုတ္ခြာထြက္ေျပး သြားခဲ့သည္။ 

ထုိ႔အျပင္ ဒီဇင္ဘာ ၅ ရက္ နံနက္ပုိင္းတြင္လည္း နယ္ေျမရွင္းလင္းေနသည့္ တပ္မေတာ္စစ္ေၾကာင္းသည္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရစုိးေခ်ာင္းေက်းရြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၈၀၀၀ ခန္႔အကြာတြင္ မိမိ နယ္ေျမအတြင္းပုိင္းသုိ႔ စိမ့္၀င္လာသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ျဖင့္ ၁ ႀကိမ္၊ ဒီဇင္ဘာ ၆ ရက္ နံနက္ပုိင္းတြင္ ဘူးသီးေတာင္ၿမဳိ႕နယ္၊ ျပင္ေခ်ာင္းေက်းရြာ၏ အေရွ႕ဘက္ မီတာ ၄၀၀၀ ခန္႔အကြာ၌ ၁ ႀကိမ္၊ စုစုေပါင္း ၂ ႀကိမ္ ထိေတြ႕တုိက္ခုိက္ခဲ့ရာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအေနျဖင့္ ေျမာက္ဘက္ သုိ႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။ ဆုတ္ခြာရာေနာက္သုိ႔ တပ္မေတာ္စစ္ေၾကာင္းမွ လုိက္လံရွင္းလင္းဆဲ ျဖစ္သည္။ 

ျဖစ္စဥ္မ်ားတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားမွ အေလာင္း ၄ ေလာင္း၊ အမ္(၂၂)ေသနတ္ ၂ လက္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ၿပီး မိမိဘက္မွ အရာရွိ ၊ စစ္သည္အခ်ိဳ႕ က်ဆံုး၊ ဒဏ္ရာ ရရွိခဲ့သည္။ တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ႏွစ္ႏိုင္ငံ နယ္စပ္မ်ဥ္းတစ္ေလွ်ာက္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ လံုၿခံဳေရးအျပည့္အ၀ ေဆာင္ရြက္လ်က္ရွိစဥ္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ေဒသတြင္း တည္ၿငိမ္မႈ ပ်က္ျပားေစရန္ ရည္ရြယ္၍ ယခုကဲ့သို႔ ေႏွာင့္ယွက္တိုက္ခိုက္မႈမ်ား ျပဳလုပ္လာျခင္းေၾကာင့္ ထိေတြ႕တိုက္ခိုက္မႈမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္းႏွင့္ နယ္ေျမျပန္လည္တည္ၿငိမ္ေရးႏွင့္ စီမံကိန္းလုပ္ငန္းမ်ား ေအာင္ျမင္စြာၿပီးစီးေရး လံုၿခံဳေရးႏွင့္ နယ္ေျမ ရွင္းလင္း ျခင္းမ်ား စဥ္ဆက္မျပတ္ျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရသည္။ 

 

 

(Unicode Version)

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်တိုက်ခိုက် 

နေပြည်တော်၊ ဒီဇင်ဘာ - ၆ 

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ်မျဉ်းအနီး ဆောင်ရွက်လျက်ရှိသည့် ကုလားတန် မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းအား နှောင့်ယှက်ဖျက်ဆီးလိုခြင်း၊ နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများဆောင် ရွက်နေမှုအပေါ် နှောင့်ယှက်ဖျက်ဆီးလိုခြင်းနှင့် သုံးနိုင်ငံနယ်စပ်ဒေသ မတည်ငြိမ်စေရေးစသည့် ရည်ရွယ် ချက်များဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် နယ်မြေလုံခြုံရေး ဆောင်ရွက် ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား ၂၀၁၅ ခုနှစ်မှစ၍ မကြာခဏ နှောင့်ယှက်ပစ်ခတ်မှု ရှိသဖြင့် နယ်စပ် ဒေသတစ်လျှောက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုများရှိနေခဲ့သည်။ 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်မတော်လှုပ်ရှားစစ်ကြောင်း တစ်ကြောင်း အား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ဘီပီ-၆၄၏ အနောက် မြောက်ဘက် မီတာ ၃၀၀၀ ခန့် နေရာတွင် စောင့်ကြိုပစ်ခတ်သော်လည်း တပ်မတော်စစ်ကြောင်း၏ ပြန် လည်ပစ်ခတ် ရှင်းလင်းမှုကြောင့် ဘီပီ-၆၄ သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးရာ တပ်မတော်စစ်ကြောင်း မှလည်း လိုက်လံချေမှုန်းခဲ့သဖြင့် ဘီပီ-၆၄၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ ဒီဇင်ဘာ ၅ ရက်တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

အလားတူ နှစ်နိုင်ငံနယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၆၃ နှင့် ဘီပီ-၆၄ ကြားနယ်စပ်အနီး ပိတ်ဆို့ရေး ဆောင်ရွက်ရန် ချီတက်သည့် တပ်မတော်စစ်ကြောင်း တစ်ခုကိုလည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၈၀ ဦးခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှ အသင့်စောင့်ကြို၍ နှောင့်ယှက် တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ထိတွေ့တိုက်ခိုက်မှု ၃ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး အဆိုပါသောင်းကျန်းသူများမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ 

ထို့အပြင် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်စစ်ကြောင်းသည် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် မိမိ နယ်မြေအတွင်းပိုင်းသို့ စိမ့်ဝင်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဖြင့် ၁ ကြိမ်၊ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ထိတွေ့တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မြောက်ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းဆဲ ဖြစ်သည်။ 

ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ အလောင်း ၄ လောင်း၊ အမ်(၂၂)သေနတ် ၂ လက် နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုံခြုံးရေးအပြည့်အ၀ ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်းနှင့် နယ်မြေပြန်လည်တည်ငြိမ်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးရေး လုံခြုံရေးနှင့် နယ်မြေ ရှင်းလင်း ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 

Recent News