က်ဳိင္းတုံၿမိဳ႔ရွိ ရွမ္းတုိင္းရင္းသားမ်ား၏ (၂၃)ႀကိမ္ေျမာက္ ႏွစ္သစ္ကူးေကာက္သစ္လွဴဒါန္းပြဲႏွင့္ သက္ႀကီးပူ ေဇာ္ပြဲအထိမ္းအမွတ္မိတ္ဆုံစားပြဲျပဳလုုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၉ 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတုံၿမိဳ႕ရွိရွမ္းတိုင္းရင္းသားမ်ား၏ (၂၃)ႀကိမ္ေျမာက္ ႏွစ္သစ္ကူး ေကာက္သစ္ လွဴဒါန္းပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲအထိမ္းအမွတ္ မိတ္ဆုံစားပြဲကုိ ဒီဇင္ဘာ ၈ ရက္ညပိုင္းတြင္ က်ဳိင္းတုံၿမိဳ႕၊ ၿမိဳ႕မအားကစားကြင္း၌ျပဳလုပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ား၊ ဌာန ဆိုင္ရာတာ၀န္ရွိသူမ်ား၊ရွမ္းတိုင္းရင္းသားေခါင္းေဆာင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားတက္ ေရာက္ၾကသည္။ 

ဦးစြာ တိုင္းမွဴးက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားၿပီး ႏွစ္သစ္ကူးပြဲေတာ္က်င္းပေရးအတြက္ အလွဴေငြႏွင့္ လက္ေဆာင္ပစၥည္း မ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကၿပီး ရွမ္းႏွစ္သစ္ကူးပြဲေတာ္ျဖစ္ေျမာက္ေရး ေကာ္မတီမွ တာ၀န္ရွိသူတစ္ဦးက ႏွစ္သစ္ကူးအထိမ္းအမွတ္လက္ေဆာင္ ျပန္လည္ေပးအပ္သည္။ 

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက(၂၃)ႀကိမ္ေျမာက္ ရွမ္းတိုင္းရင္းသားစုေပါင္း ႏွစ္သစ္ကူးအထိမ္းအ မွတ္ျပ ခန္းအား လွည့္လည္ၾကည့္႐ႈသည္။ ယင္းေနာက္ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္က်င္းပေရးေကာ္မတီမွ တက္ေရာက္ လာၾကသူမ်ားအား စုေပါင္းႏွစ္သစ္ကူးမိတ္ဆုံစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ေၾကာင္း သတင္းရရွိသည္။        

 

(Unicode Version)

 

ကျိုင်းတုံမြို့ရှိ ရှမ်းတိုင်းရင်းသားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူးကောက်သစ်လှူဒါန်းပွဲနှင့် သက်ကြီးပူ ဇော်ပွဲအထိမ်းအမှတ်မိတ်ဆုံစားပွဲပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၉ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိရှမ်းတိုင်းရင်းသားများ၏ (၂၃)ကြိမ်မြောက် နှစ်သစ်ကူး ကောက်သစ် လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲအထိမ်းအမှတ် မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများတက် ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး နှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင်ပစ္စည်း များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင် ပြန်လည်ပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက(၂၃)ကြိမ်မြောက် ရှမ်းတိုင်းရင်းသားစုပေါင်း နှစ်သစ်ကူးအထိမ်းအ မှတ်ပြ ခန်းအား လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ တက်ရောက် လာကြသူများအား စုပေါင်းနှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။        

    

Recent News