(၁၁)ႀကိမ္ေျမာက္ အာခါ႐ိုးရာ စုေပါင္းခါးေထာင္းဖား ပြဲေတာ္ျပဳလုပ္

 

ေနျပည္ေတာ္  ဒီဇင္ဘာ  ၁၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၏ (၁၁)ႀကိမ္ေျမာက္  အာခါ႐ိုးရာစုေပါင္း ခါးေထာင္းဖား ပြဲေတာ္အား ယေန႔နံနက္ပိုင္း တြင္ တာခ်ီလိတ္ၿမိဳ႕၊ ရွမ္း႐ိုးမကြင္း၌ ျပဳလုပ္ရာ ႀတိဂံေဒသ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လိႈင္ႏွင့္အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာတာဝန္ ရွိသူမ်ား၊ အာခါတုိင္းရင္းသား ေခါင္းေဆာင္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ အာခါတုိင္းရင္းသား ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ အာခါ႐ိုးရာစုေပါင္းခါးေထာင္းဖား ပြဲေတာ္အား တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ တာဝန္ရွိသူမ်ားမွ  ဖဲႀကိဳးျဖတ္ဖြင့္လွစ္ၿပီး တုိင္းမွဴးက ႏွစ္သစ္ႏႈတ္ခြန္းဆက္ အမွာစကား ေျပာၾကားသည္။

ထုိ႔ေနာက္ ပြဲက်င္းပရျခင္းႏွင့္ ပတ္သက္၍ အာခါ႐ိုးရာဓေလ့ ထံုးစံမ်ားကို အာခါတုိင္းရင္းသား ဦးေလာတာက ျမန္မာဘာသာျဖင့္ လည္းေကာင္း၊   အာခါ႐ိုးရာ ထိန္းသိမ္းေရးအဖြဲ႕ ေခါင္းေဆာင္ ဦးမင္းညိဳက အာခါဘာသာျဖင့္ လည္းေကာင္း ေျပာၾကားၿပီး  ဖြင့္ပြဲကို က်င္းပ ၾကသည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္ တာဝန္ရွိသူမ်ားက အာခါ႐ိုးရာ စုေပါင္းခါးေထာင္းဖား ပြဲေတာ္ က်င္းပေရးအတြက္ အလွဴေငြႏွင့္ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ရာ  တာဝန္ရွိသူမ်ားမွ လက္ခံရယူၾကၿပီး အာခါတုိင္းရင္းသား လူငယ္၊ ေမာင္မယ္မ်ားမွ  စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ ႏႈတ္ခြန္းဆက္ ေတးသံသာ၊ အကပေဒသာမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကရာ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားမွ ၾကည့္႐ႈအားေပးၾကသည္။

ဆက္လက္၍  တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက (၁၁)ႀကိမ္ေျမာက္  အာခါ ႐ိုးရာစုေပါင္းခါးေထာင္းဖား ပြဲေတာ္ ႏွစ္သစ္ကူး အထိမ္းအမွတ္ျပခန္းအား လွည့္လည္ ၾကည့္႐ႈၾကၿပီး စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပေရး ေကာ္မတီမွ တက္ေရာက္လာၾက ေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားအား စုေပါင္းႏွစ္သစ္ကူး မိတ္ဆံုစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ၾကေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

(၁၁)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းခါးထောင်းဖား ပွဲတော်ပြုလုပ်

နေပြည်တော်  ဒီဇင်ဘာ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ (၁၁)ကြိမ်မြောက်  အာခါရိုးရာစုပေါင်း ခါးထောင်းဖား ပွဲတော်အား ယနေ့နံနက်ပိုင်း တွင် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အာခါတိုင်းရင်းသား ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် အာခါတိုင်းရင်းသား ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အာခါရိုးရာစုပေါင်းခါးထောင်းဖား ပွဲတော်အား တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် တာဝန်ရှိသူများမှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တိုင်းမှူးက နှစ်သစ်နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ထို့နောက် ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အာခါရိုးရာဓလေ့ ထုံးစံများကို အာခါတိုင်းရင်းသား ဦးလောတာက မြန်မာဘာသာဖြင့် လည်းကောင်း၊   အာခါရိုးရာ ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက အာခါဘာသာဖြင့် လည်းကောင်း ပြောကြားပြီး  ဖွင့်ပွဲကို ကျင်းပ ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အာခါရိုးရာ စုပေါင်းခါးထောင်းဖား ပွဲတော် ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ  တာဝန်ရှိသူများမှ လက်ခံရယူကြပြီး အာခါတိုင်းရင်းသား လူငယ်၊ မောင်မယ်များမှ  စုပေါင်းနှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက် တေးသံသာ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများမှ ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (၁၁)ကြိမ်မြောက်  အာခါ ရိုးရာစုပေါင်းခါးထောင်းဖား ပွဲတော် နှစ်သစ်ကူး အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုကြပြီး စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ တက်ရောက်လာကြ သော ဧည့်သည်တော်များနှင့် ဧည့်ပရိသတ်များအား စုပေါင်းနှစ်သစ်ကူး မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။  

Recent News