အင္းေလးဓမၼာ႐ံု(ေနျပည္ေတာ္)၊ ရတနာပႏၷက္ေတာ္တင္ႏွင့္ ရတနာအုတ္ျမစ္ေတာ္စီ မဂၤလာ အခမ္းအနားက်င္းပ

 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁၇

ဓမၼပူေဇာ္ပြဲမ်ားက်င္းပျပဳလုပ္ရန္ႏွင့္ ခရီးသြားျပည္သူမ်ား ေခတၱနားေနရန္ရည္ရြယ္၍ အင္းေလးေဒသမွ အင္းတိုင္းရင္းသူ၊ တုိင္းရင္းသားမ်ား စုေပါင္းေဆာက္လုပ္လွဴဒါန္းမည့္ အင္းေလးဓမၼာ႐ံု (ေနျပည္ေတာ္)ရတနာပႏၷက္ေတာ္တင္ႏွင့္ ရတနာအုတ္ျမစ္ေတာ္စီ မဂၤလာအခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္၊ ရာဇဌာနီလမ္း၊ ဥပၸါတသႏၲိေစတီေတာ္၊ ပြဲေတာ္ကြင္းအနီး၌ က်င္းပျပဳလုပ္သည္။

အဆိုပါအခမ္းအနားသို႔ မဟာ၀ိသုတာရာမေစ်းကုန္းေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာဘဒၵႏၲက၀ိသာရ အမွဴးျပဳ၍အင္းေလးေဒသ ေက်ာင္းေတာ္အသီးသီးမွ ပင့္ဖိတ္သံဃာေတာ္ ၅၀ ပါးတို႔ ၾကြေရာက္ေတာ္မူၾကၿပီး ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ အလွဴရွင္မ်ား၊ အင္းသူအင္းသားမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ေရွးဦးစြာ အခမ္းအနားကို"နေမာတႆ"သံုးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၾကၿပီး ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) အမွဴးျပဳေသာဧည့္ပရိသတ္မ်ားက မဟာ၀ိသုတာရာမေစ်းကုန္းေက်ာင္းတိုက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။

ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ားထံဥပါသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္သဲ၊ ပရိတ္ခ်ည္ႏွင့္ နံ႔သာရည္ဖလားမ်ားကိုဆက္ကပ္လွဴဒါန္းၾကသည္။ ၎ေနာက္ သံဃာေတာ္ အရွင္သူျမတ္မ်ားက ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္သရဇၩာယ္ခ်ီးျမႇင့္ေတာ္မူၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းႏွင့္ တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္မ်ားထံ ရတနာပႏၷက္ေတာ္၊ ရတနာေငြၾကဳတ္ေတာ္၊ ရတနာအုတ္ျမစ္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းသည္။

၎ေနာက္ အင္းေလးဓမၼာ႐ံု(ေနျပည္ေတာ္)၊ ေျမေနရာႏွင့္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းျခင္းကို ျပဳလုပ္ရာ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားမွ လွဴဒါန္းေငြက်ပ္ သိန္း ၁၀၀ အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက ေပးအပ္လွဴဒါန္းၿပီး အင္းေလးဓမၼာ႐ံု(ေနျပည္ေတာ္) တည္ေဆာက္ေရးအဖြဲ႕ဥကၠ႒ ဦးေအာင္ၾကည္၀င္းက လက္ခံရယူသည္။ ထို႔ေနာက္ ေျမအလွဴရွင္မွ ၁ ဧကအက်ယ္အ၀န္းရွိ ေျမပိုင္ဆုိင္မႈအေထာက္အထားႏွင့္ အင္းသူအင္းသားအလွဴရွင္မ်ားက လွဴဒါန္းေငြစုစုေပါင္းေငြက်ပ္ သိန္း ၉၈၀ အား ေပးအပ္လွဴဒါန္းၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက လက္ခံရယူၾက သည္။

၎ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တက္ေရာက္ လာၾကသူမ်ားက မဟာ၀ိသုတာရာမ ေစ်းကုန္းေက်ာင္းတိုက္ ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာၾကား၍ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အလွဴရွင္မ်ား၊ ဧည့္ပရိသတ္မ်ားက ရတနာပႏၷက္ေတာ္မ်ားႏွင့္ ရတနာအုတ္ျမစ္ေတာ္မ်ားကို ဓမၼာ႐ံု၀တၳဳကံေျမသို႔ ပင့္ေဆာင္သယ္ယူၾကၿပီး မဂၤလာအခါေတာ္အခ်ိန္တြင္ ပႏၷက္ေတာ္တင္ မဂၤလာျပဳလုပ္ၾကကာ ပရိတ္နံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းပူေဇာ္ၾကျခင္းႏွင့္ နဂါးစာေကြၽးျခင္းတို႔အား အစီအစဥ္အတုိင္းျပဳလုပ္ၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းက ရတနာအုတ္ျမစ္ေတာ္ဗဟိုဌာနတြင္ ရတနာေငြၾကဳတ္ေတာ္ႏွင့္ ပတၱျမား ရတနာစီျခယ္ထားေသာ ရတနာအုတ္ျမစ္ေတာ္ကို စီသြင္းပူေဇာ္ၿပီး အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္သည္။ ၎ေနာက္တက္ေရာက္လာၾကသူမ်ားက ရတနာအုတ္ျမစ္ေတာ္မ်ားကို သတ္မွတ္ေနရာမ်ား၌ စီသြင္းပူေဇာ္ၾကၿပီး အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းပူေဇာ္ၾကသည္။

ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္တို႔က ဦးေဆာင္၍ "ဇယေႏၲာေဗာဓိယာမူေလ"အစခ်ီေသာ ဇယမဂၤလာေအာင္ဂါထာမ်ားကို ရြတ္ဆိုၾကသည္။ ၎ေနာက္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တက္ေရာက္လာၾကသူမ်ားက "ဗုဒၶသာသနံ စိရံတိ႒တု" သံုးႀကိမ္ရြတ္ဆိုဆုေတာင္းကာ အခမ္းအနားကို႐ုပ္သိမ္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အင်းလေးဓမ္မာရုံ(နေပြည်တော်)၊ ရတနာပန္နက်တော်တင်နှင့် ရတနာအုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

ဓမ္မပူဇော်ပွဲများကျင်းပပြုလုပ်ရန်နှင့် ခရီးသွားပြည်သူများ ခေတ္တနားနေရန်ရည်ရွယ်၍ အင်းလေးဒေသမှ အင်းတိုင်းရင်းသူ၊ တိုင်းရင်းသားများ စုပေါင်းဆောက်လုပ်လှူဒါန်းမည့် အင်းလေးဓမ္မာရုံ (နေပြည်တော်)ရတနာပန္နက်တော်တင်နှင့် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်း၊ ဥပ္ပါတသန္တိစေတီတော်၊ ပွဲတော်ကွင်းအနီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ အမှူးပြု၍အင်းလေးဒေသ ကျောင်းတော်အသီးသီးမှ ပင့်ဖိတ်သံဃာတော် ၅၀ ပါးတို့ ကြွရောက်တော်မူကြပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အလှူရှင်များ၊ အင်းသူအင်းသားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို"နမောတဿ"သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အမှူးပြုသောဧည့်ပရိသတ်များက မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များထံဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် နံ့သာရည်ဖလားများကိုဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တက်ရောက်လာကြသူများက ဆရာတော်များထံ ရတနာပန္နက်တော်၊ ရတနာငွေကြုတ်တော်၊ ရတနာအုတ်မြစ်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် အင်းလေးဓမ္မာရုံ(နေပြည်တော်)၊ မြေနေရာနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ပြုလုပ်ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းငွေကျပ် သိန်း ၁၀၀ အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပေးအပ်လှူဒါန်းပြီး အင်းလေးဓမ္မာရုံ(နေပြည်တော်) တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက လက်ခံရယူသည်။ ထို့နောက် မြေအလှူရှင်မှ ၁ ဧကအကျယ်အဝန်းရှိ မြေပိုင်ဆိုင်မှုအထောက်အထားနှင့် အင်းသူအင်းသားအလှူရှင်များက လှူဒါန်းငွေစုစုပေါင်းငွေကျပ် သိန်း ၉၈၀ အား ပေးအပ်လှူဒါန်းကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက လက်ခံရယူကြ သည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက် လာကြသူများက မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အလှူရှင်များ၊ ဧည့်ပရိသတ်များက ရတနာပန္နက်တော်များနှင့် ရတနာအုတ်မြစ်တော်များကို ဓမ္မာရုံဝတ္ထုကံမြေသို့ ပင့်ဆောင်သယ်ယူကြပြီး မင်္ဂလာအခါတော်အချိန်တွင် ပန္နက်တော်တင် မင်္ဂလာပြုလုပ်ကြကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြခြင်းနှင့် နဂါးစာကျွေးခြင်းတို့အား အစီအစဉ်အတိုင်းပြုလုပ်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရတနာအုတ်မြစ်တော်ဗဟိုဌာနတွင် ရတနာငွေကြုတ်တော်နှင့် ပတ္တမြား ရတနာစီခြယ်ထားသော ရတနာအုတ်မြစ်တော်ကို စီသွင်းပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။ ၎င်းနောက်တက်ရောက်လာကြသူများက ရတနာအုတ်မြစ်တော်များကို သတ်မှတ်နေရာများ၌ စီသွင်းပူဇော်ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က ဦးဆောင်၍ "ဇယန္တောဗောဓိယာမူလေ"အစချီသော ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဆိုကြသည်။ ၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News