တပ္မေတာ္ေဆးတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉) ျပန္တမ္း၀င္အရာရွိခန္႔အပ္ျခင္း အခမ္းအနားက်င္းပ

 

ေနျပည္ေတာ္၊  ဒီဇင္ဘာ - ၁၉

တပ္မေတာ္ေဆးတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉) ျပန္တမ္း၀င္အရာရွိခန္႔အပ္ျခင္း အခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္  တပ္မေတာ္ ေဆးတကၠသုိလ္ဘြဲ႕ႏွင္းသဘင္ခန္းမ၌က်င္းပရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ စစ္ရာထူးခန္႔ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ တပ္မေတာ္ေဆးတကၠသုိလ္ေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးခ်ဳပ္ ၫြန္႕၀င္းေဆြ၊ေက်ာင္းဆင္းဗုိလ္ေလာင္းမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေဆးတကၠသုိလ္ ေက်ာင္းအုပ္ႀကီး တုိ႔သည္ စင္ျမင့္ထက္တြင္ေနရာယူၾကသည္။ ယင္းေနာက္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအးက ေက်ာင္းဆင္းဗုိလ္ေလာင္းတစ္ဦးခ်င္းစီအား ျပန္တမ္း၀င္ခန္႔အပ္လႊာမ်ားေပးအပ္သည္။

ထုိ႔ေနာက္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအးက အမွာစကားေျပာၾကားၿပီး အခမ္းအနားကုိ ႐ုပ္သိမ္းလုိက္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)  ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊  ဒီဇင်ဘာ - ၁၉

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  တပ်မတော် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ကျောင်းဆင်းဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ တပ်မတော်အရာရှိကြီးများနှင့် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တို့သည် စင်မြင့်ထက်တွင်နေရာယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

         

         

Recent News