တပ္မေတာ္ေဆးတကၠသုိလ္(၁၉)ႀကိမ္ေျမာက္ ဘြဲ႕ႏွင္းသဘင္အခမ္းအနားက်င္းပ

 

ေနျပည္ေတာ္၊  ဒီဇင္ဘာ - ၁၉

တပ္မေတာ္ေဆးတကၠသုိလ္၏(၁၉)ႀကိမ္ေျမာက္ ဘြဲ႕ႏွင္းသဘင္အခမ္းအနားအား ယေန႔ ေန႔လယ္ပုိင္းတြင္ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆးတကၠသုိလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌က်င္းပရာ တပ္မေတာ္ေဆးတကၠသုိလ္ေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးခ်ဳပ္ ၫြန္႔၀င္းေဆြ၊  တပ္မေတာ္ေဆးတကၠသုိလ္ ပါေမာကၡခ်ဳပ္ ဗုိလ္မွဴးခ်ဳပ္ ကုိကုိလြင္ ႏွင့္ တပ္မေတာ္ေဆးတကၠသုိလ္မွ ပညာေရးအဖြဲ႕၀င္မ်ား တက္ေရာက္ၾက သည္။

ဦးစြာ တပ္မေတာ္ေဆးတကၠသုိလ္ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရးအဖြဲ႕၀င္မ်ား ဘြဲ႕ႏွင္းသဘင္ခန္းမသုိ႔၀င္ေရာက္၍ သတ္မွတ္ေနရာမ်ားတြင္ ေနရာယူၾကၿပီးေနာက္ ႏုိင္ငံေတာ္ သီခ်င္းတီးမႈတ္ကာ ဘြဲ႕ႏွင္းသဘင္အခမ္းအနားကုိ ဖြင့္လွစ္သည္။ ထုိ႔ေနာက္ ပါေမာကၡခ်ဳပ္က ဘြဲ႕ႏွင္းသဘင္က်င္းပေၾကာင္း ေၾကျငာၿပီး ဘြဲ႕ယူမည့္သူမ်ားအား ကတိသစၥာခံယူေစျခင္း၊ ေမာ္ကြန္းထိန္းက ဘြဲ႕ယူမည့္သူမ်ားကုိ ပါေမာကၡခ်ဳပ္ထံသုိ႔ ပုိ႔ေဆာင္ျခင္းမ်ားအား အစီအစဥ္အတုိင္း ေဆာင္ရြက္ၾကသည္။

ဆက္လက္၍ ပါေမာကၡခ်ဳပ္က ေဆးပညာဘြဲ႕ရရွိသူ ၅၂ ဦး၊ သြားဘက္ ဆုိင္ရာ ေဆးပညာဘြဲ႕ ၅ ဦး၊ စုစုေပါင္း ၅၇ ဦးအား ဘြဲ႕လက္မွတ္မ်ား အပ္ႏွင္းသည္။ ထုိ႔ေနာက္ အေဆာင္အေယာင္ အမွတ္လကၡဏာျဖစ္သည့္ ၀တ္စုံမ်ားကုိ၀တ္ဆင္ခြင့္ ျပဳခဲ့ၿပီး ဘြဲ႕ႏွင္းသဘင္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးခဲ့သည္။

ယင္းေနာက္ ေက်ာင္းအုပ္ႀကီးက ဘြဲ႕ႏွင္းသဘင္မိန္႔ခြန္းေျပာၾကားၿပီး အခမ္းအနားကုိ ႐ုပ္သိမ္းေၾကာင္း ေၾကညာကာ တပ္မေတာ္ေဆးတကၠသုိလ္ ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရးအဖြဲ႕၀င္မ်ား သည္ ဘြဲ႕ႏွင္းသဘင္ခန္းမ မွ ျပန္လည္ထြက္ခြာသြားၾကသည္။

တပ္မေတာ္ေဆးတကၠသုိလ္အေနျဖင့္ စတင္ဖြင့္လွစ္သည့္အခ်ိန္မွစ၍ ယေန႔အခ်ိန္အထိ ေဆးပညာ မဟာသိပၸံဘြဲ႕ ၁၉၆၇ ဦး၊ ေဆးလက္ေတြ႕ႏွင့္ ေဆးလက္ေတြ႕ အေျခခံပါရဂူဘြဲ႕ ၁၀၂ ဦး၊ ေဆးပညာ သင္ၾကားေရးဘြဲ႕လြန္ဒီပလုိမာ ၁၇၃ ဦး၊ ေဆးပညာဘြဲ႕လြန္ဒီပလုိမာရရွိသူ ၈၃ ဦးတုိ႔အား ဘြဲ႕မ်ား အပ္ႏွင္းႏုိင္ခဲ့ၿပီးျဖစ္သည္။

အဆုိပါတပ္မေတာ္ေဆးတကၠသိုလ္ ဗုိလ္ေလာင္းမ်ားရရွိခဲ့သည့္ ပညာရည္ ထူးခြၽန္ဆုအဆင့္မ်ား၊ ဂုဏ္ထူးမ်ားသည္ တပ္မေတာ္ေဆးတကၠသုိလ္မွ ပါေမာကၡခ်ဳပ္၊ ပါေမာကၡ၊ ဌာနမွဴးမ်ားႏွင့္သာ စစ္ေဆး ခဲ့ျခင္းမဟုတ္ဘဲ ေဆးတကၠသုိလ္(၁)ရန္ကုန္၊ ေဆးတကၠသိုလ္(၂) ရန္ကုန္၊ ေဆးတကၠသုိလ္ (မႏၲေလး)၊ ေဆးတကၠသုိလ္(မေကြး)၊ ေဆးတကၠသုိလ္(ေတာင္ႀကီး)စသည့္ တစ္ႏုိင္ငံလုံးရွိ ေဆးတကၠသိုလ္အသီးသီးမွ ပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡမ်ားႏွင့္ စာစစ္ပုဂၢိဳလ္မ်ား၏ စစ္ေဆးခ်က္ မ်ားႏွင့္အညီ ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးတကၠသုိလ္၏ သင္႐ုိးၫႊန္းတန္းမ်ားကုိလည္း အျခားေဆးတကၠသုိလ္မ်ားႏွင့္ ၫႇိႏႈိင္းေရးဆြဲၿပီး တကၠသုိလ္မ်ားဗဟုိေကာင္စီတုိ႔က စံသတ္မွတ္ခ်က္ မ်ားႏွင့္အညီ ဂုဏ္ထူးေပးျခင္းမ်ားကုိေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်ဆေးတက္ကသိုလ်(၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော်၊  ဒီဇင်ဘာ - ၁၉

တပ်မတော်ဆေးတက္ကသိုလ်၏(၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊  တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ကိုကိုလွင် နှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေငြာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းများအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ရရှိသူ ၅၂ ဦး၊ သွားဘက် ဆိုင်ရာ ဆေးပညာဘွဲ့ ၅ ဦး၊ စုစုပေါင်း ၅၇ ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းသည်။ ထို့နောက် အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကိုဝတ်ဆင်ခွင့် ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ သည် ဘွဲ့နှင်းသဘင်ခန်းမ မှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ ဆေးပညာ မဟာသိပ္ပံဘွဲ့ ၁၉၆၇ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့ အခြေခံပါရဂူဘွဲ့ ၁၀၂ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၁၇၃ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာရရှိသူ ၈၃ ဦးတို့အား ဘွဲ့များ အပ်နှင်းနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါတပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည် ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေး ခဲ့ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက် များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတန်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲပြီး တက္ကသိုလ်များဗဟိုကောင်စီတို့က စံသတ်မှတ်ချက် များနှင့်အညီ ဂုဏ်ထူးပေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News