ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ အေျခခံအိမ္တြင္းမႈ စက္ခ်ဳပ္သင္တန္း ဖြင့္လွစ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁၉

 

 ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ရွိ တပ္မေတာ္သား မိသားစုဝင္မ်ားအတြက္ ဖြင့္လွစ္သည့္ အေျခခံအိမ္တြင္းမႈ စက္ခ်ဳပ္သင္တန္း အမွတ္စဥ္(၁/၂ဝ၁၈)ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ဗလမင္းထင္ခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္းသူမ်ားႏွင့္ သင္တန္းနည္းျပမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တုိင္းမွဴးက အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက သင္တန္းသူမ်ား၏ စာေတြ႕လက္ေတြ႕ ေလ့က်င့္ေနမႈမ်ားကို လိုက္လံၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ေပးသည္။ အဆိုပါအေျခခံအိမ္တြင္းမႈ စက္ခ်ဳပ္သင္တန္းကို သင္တန္းသူ ၄၅ ဦးျဖင့္ ၂ဝ၁၉ ခုႏွစ္၊ ဇန္နဝါရီ ၂၅ ရက္အထိ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ် 

နေပြည်တော် ဒီဇင်ဘာ ၁၉ 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များအတွက် ဖွင့်လှစ်သည့် အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ စာတွေ့လက်တွေ့ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါအခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်းကို သင်တန်းသူ ၄၅ ဦးဖြင့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News