ျမန္မာႏုိင္ငံ ဂီတအစည္းအ႐ံုး (ဗဟို) ၂ဝ၁၈ ခုႏွစ္၊ အ႒မအႀကိမ္ေျမာက္ သက္ႀကီးဂီတ ပညာရွင္မ်ားအား ပူေဇာ္ ကန္ေတာ့ပြဲ က်င္းပ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁၉ 

ျမန္မာႏုိင္ငံဂီတ အစည္းအ႐ံုး(ဗဟို)၏ ၂ဝ၁၈ ခုႏွစ္၊ အ႒မအႀကိမ္ေျမာက္ သက္ႀကီး ဂီတပညာရွင္မ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Sky Star Hotel တြင္က်င္းပရာ ရန္ကုန္တုိင္း စစ္ဌာန ခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ဂါရဝျပဳ ကန္ေတာ့သည္။ အဆိုပါပူေဇာ္ကန္ေတာ့ပြဲသို႔ ျမန္မာႏုိင္ငံ ဂီတအစည္းအ႐ံုး(ဗဟို)ဥကၠ႒ ဦးတင္ဦးေလး၊ ကန္ေတာ့ခံဆရာႀကီးမ်ား ျဖစ္ၾကသည့္ ဗိုလ္ကေလးတင့္ေအာင္၊ ဂီတနက္သံဦးအုန္းလြင္၊ ဦးခင္ေမာင္ဦးႏွင့္ ဂီတပညာရွင္ႀကီးမ်ား၊ ျမန္မာႏုိင္ငံ ဂီတ အစည္းအ႐ံုးမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ ျမန္မာႏုိင္ငံဂီတ အစည္းအ႐ံုး(ဗဟို) ဥကၠ႒က ႏႈတ္ခြန္းဆက္စကား ေျပာၾကားသည္။ 

ယင္းသို႔ေျပာၾကားရာတြင္ ပူဇာစပူဇေနယ်ာနံ၊ ဧတံမဂၤလမုတၱမံဆိုတဲ့ မဂၤလာတရား ေတာ္ႏွင့္အညီ ပူေဇာ္ထိုက္သူမ်ားကို ပူေဇာ္ျခင္းတည္း ဟူေသာ သက္ႀကီးဂီတ ပညာရွင္ ႀကီးမ်ားအား ပူေဇာ္ပြဲ က်င္းပျပဳလုပ္ခဲ့ရာ ယခုဆိုလွ်င္ အ႒မအႀကိမ္ေျမာက္ ေရာက္ရွိခဲ့ၿပီ ျဖစ္ေၾကာင္း၊ အသက္ႀကီးတာတစ္ခုတည္း အတြက္မဟုတ္ဘဲ ဂီတႏွင့္ ပတ္သက္ၿပီး ႏုိင္ငံ ေတာ္အတြက္၊ ဂီတေလာကအတြက္ အက်ဳိးျပဳႏုိင္ခဲ့သည့္ ပညာရွင္ႀကီးမ်ားျဖစ္သည့္ အတြက္ ပူေဇာ္ကန္ေတာ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ကိုယ္စား ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုက ကန္ေတာ့ လက္ေဆာင္ပစၥည္းမ်ား ကိုေပးအပ္သည္။ 

ယင္းေနာက္ တက္ေရာက္ လာၾကသူမ်ားက ဂီတပညာရွင္ႀကီးမ်ားအား ကန္ေတာ့ခ်ဳိးျဖင့္ ပူေဇာ္ကန္ေတာ့ၾကသည္။ ဆက္လက္၍ ဂီတပညာရွင္ႀကီးမ်ားအား မိတ္ဆက္ေပးျခင္းႏွင့္ ကန္ေတာ့လက္ေဆာင္ေပးအပ္ျခင္းမ်ား ျပဳလုပ္ၾကၿပီး သက္ႀကီးဂီတ ပညာရွင္မ်ား ကိုယ္စား ကန္ေတာ့ခံ ဂီတပညာရွင္ ဗိုလ္ကေလးတင့္ေအာင္က ၾသဝါဒစကား ျပန္လည္ေျပာၾကားသည္။ ၂ဝ၁၈ ခုႏွစ္၊ အ႒မအႀကိမ္ေျမာက္ သက္ႀကီးဂီတ ပညာရွင္ႀကီးမ်ား ပူေဇာ္ပြဲတြင္ ဂီတပညာရွင္ ၁၂၉ ဦးအား ပူေဇာ္ကန္ေတာ့ခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က ဂီတပညာရွင္မ်ားအတြက္ ေပးပို႔ဂါရဝျပဳ ကန္ေတာ့သည့္ ေငြက်ပ္ ၆၃၅ဝဝဝဝ ေက်ာ္ တန္ဖိုးရွိ ပစၥည္းႏွင့္ ေငြသားမ်ားအား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား ရန္ကုန္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးက ဂါရဝျပဳေပးအပ္ခဲ့ၿပီး ျမန္မာႏုိင္ငံဂီတ အစည္းအ႐ံုး(ဗဟို)မွ ကန္ေတာ့ခံ ဆရာႀကီးမ်ားအတြက္ အသက္ ၈ဝ ႏွင့္ အထက္ ဂီတပညာရွင္မ်ားအား တစ္ဦးလွ်င္ ေငြက်ပ္ႏွစ္သိန္းႏွင့္ အသက္ ၇၅ ႏွစ္ ႏွင့္အထက္ ဂီတပညာရွင္ တစ္ဦးလွ်င္ ေငြက်ပ္ တစ္သိန္းခြဲတို႔ကို ဂါရဝျပဳ ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိ သည္။ 

(Unicode Version) 

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၂ဝ၁၈ ခုနှစ်၊ အဋ္ဌမအကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များအား ပူဇော် ကန်တော့ပွဲ ကျင်းပ 

နေပြည်တော် ဒီဇင်ဘာ ၁၉ 

မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၏ ၂ဝ၁၈ ခုနှစ်၊ အဋ္ဌမအကြိမ်မြောက် သက်ကြီး ဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Sky Star Hotel တွင်ကျင်းပရာ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်ဂါရဝပြု ကန်တော့သည်။ အဆိုပါပူဇော်ကန်တော့ပွဲသို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ ကန်တော့ခံဆရာကြီးများ ဖြစ်ကြသည့် ဗိုလ်ကလေးတင့်အောင်၊ ဂီတနက်သံဦးအုန်းလွင်၊ ဦးခင်မောင်ဦးနှင့် ဂီတပညာရှင်ကြီးများ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

ယင်းသို့ပြောကြားရာတွင် ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံဆိုတဲ့ မင်္ဂလာတရား တော်နှင့်အညီ ပူဇော်ထိုက်သူများကို ပူဇော်ခြင်းတည်း ဟူသော သက်ကြီးဂီတ ပညာရှင် ကြီးများအား ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယခုဆိုလျှင် အဋ္ဌမအကြိမ်မြောက် ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ အသက်ကြီးတာတစ်ခုတည်း အတွက်မဟုတ်ဘဲ ဂီတနှင့် ပတ်သက်ပြီး နိုင်ငံ တော်အတွက်၊ ဂီတလောကအတွက် အကျိုးပြုနိုင်ခဲ့သည့် ပညာရှင်ကြီးများဖြစ်သည့် အတွက် ပူဇော်ကန်တော့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ကန်တော့ လက်ဆောင်ပစ္စည်းများ ကိုပေးအပ်သည်။ 

ယင်းနောက် တက်ရောက် လာကြသူများက ဂီတပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ ဂီတပညာရှင်ကြီးများအား မိတ်ဆက်ပေးခြင်းနှင့် ကန်တော့လက်ဆောင်ပေးအပ်ခြင်းများ ပြုလုပ်ကြပြီး သက်ကြီးဂီတ ပညာရှင်များ ကိုယ်စား ကန်တော့ခံ ဂီတပညာရှင် ဗိုလ်ကလေးတင့်အောင်က သြဝါဒစကား ပြန်လည်ပြောကြားသည်။ ၂ဝ၁၈ ခုနှစ်၊ အဋ္ဌမအကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်ကြီးများ ပူဇော်ပွဲတွင် ဂီတပညာရှင် ၁၂၉ ဦးအား ပူဇော်ကန်တော့ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ဂီတပညာရှင်များအတွက် ပေးပို့ဂါရဝပြု ကန်တော့သည့် ငွေကျပ် ၆၃၅ဝဝဝဝ ကျော် တန်ဖိုးရှိ ပစ္စည်းနှင့် ငွေသားများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဂါရဝပြုပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ကန်တော့ခံ ဆရာကြီးများအတွက် အသက် ၈ဝ နှင့် အထက် ဂီတပညာရှင်များအား တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှင့် အသက် ၇၅ နှစ် နှင့်အထက် ဂီတပညာရှင် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲတို့ကို ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သတင်း ရရှိ သည်။       

Recent News