စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားရပ္ဆုိင္းရန္ ၫႊန္ၾကား 

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၁ 

ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္၊ ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ေၾကညာခဲ့သည္။ 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွလည္း ေၾကညာခ်က္တြင္ပါရွိေသာ သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္မ်ားကုိ ၎တုိ႕နယ္ေျမအတြင္း စစ္ဆင္ေရးတာ၀န္ထမ္းေဆာင္ေနသည့္ တပ္မ်ားအား စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားရန္ ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္းသတင္းရရွိသည္။ 

 

(Unicode Version)

 

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းရန် ညွှန်ကြား 

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှလည်း ကြေညာချက်တွင်ပါရှိသော သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များကို ၎င်းတို့နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်များအား စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းသတင်းရရှိသည်။ 

Recent News