
နေပြည်တော် ဒီဇင်ဘာ ၂၁ 



(Unicode Version) 

လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် ဒီဇင်ဘာ ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းအရှေ့ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိကျောင်းကြီးဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်သုံးပါး၊ သာသနာ့ အနွယ်ဝင် သီလရှင် နှစ်ပါးနှင့် ဒေသခံပြည်သူ၁၀၅ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင် ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။  

Recent News