
နေပြည်တော် ဒီဇင်ဘာ ၂၂ 

 


 


 

(Unicode Version)

 

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ 

နေပြည်တော် ဒီဇင်ဘာ ၂၂ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းလောင်းလှူခြင်းကို နတ်တော်လပြည့်နေ့အခါသမယ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အဝင် မုခ်ဦးအရှေ့၌ ပြုလုပ်သည်။ 

အရုဏ်ဆွမ်းလောင်းလှူပွဲတွင် ဘုန်းတော်ကြီးကျောင်းခုနစ်ကျောင်းမှ သံဃာတော်အပါး ၅ဝဝ တို့ကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဆွမ်း၊ခဲဖွယ်၊ ဘောဇဉ်တို့နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News