ေညာင္ဦးၿမိဳ႕ရွိ အလိုေတာ္ျပည့္ ေစတီေတာ္ႀကီး၏ (၂၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ေအာင္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၂ 

 

မႏၲေလးတုိင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ေညာင္ဦးၿမိဳ႕ရွိ အလိုေတာ္ျပည့္ ေစတီေတာ္ႀကီး၏ (၂၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ဖြင့္ပြဲႏွင့္ ဆုေတာင္းပြဲမဂၤလာကို ဒီဇင္ဘာ ၂၁ ရက္ ညေနပိုင္းတြင္ ျပဳလုပ္ရာ အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ေက်ာ္စြာလင္း တက္ေရာက္၍ ဖြင့္ပြဲကိုဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး အလိုေတာ္ျပည့္ ေက်ာင္းတုိက္ ဆရာေတာ္အား ဖူးေျမာ္ကာ နဝကမၼအလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းသည္။ 

 

အလိုေတာ္ျပည့္ေစတီေတာ္ႀကီး၏ (၂၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ ေအာင္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေစတီေတာ္ႀကီး ရင္ျပင္၌ ဆက္လက္ျပဳလုပ္ရာ အလိုေတာ္ျပည့္ေက်ာင္းတိုက္မ်ား၏ အဓိပတိ ႏိုင္ငံေတာ္ သမၼတ၏ ႏိုင္ငံ့စြမ္းေဆာင္ရည္ႏွင့္ ကမ႓ာလံုးဆိုင္ရာ ဗုဒၶဘာသာ ဓမၼၿငိမ္းခ်မ္းေရးဆုရ အလိုေတာ္ျပည့္ ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာ သဒၶမၼ ေဇာတိကဓဇ ေဒါက္တာဘဒၵႏၲ အရိယဝံသအမွဴးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ေတာ္မူၾကၿပီး တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ႏိုင္သက္လြင္၊ တုိင္းမွဴးႏွင့္အဖ႕ဲြဝင္မ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ဘုရားဖူးျပည္သူမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ ျပည္ေထာင္စုဝန္ႀကီး၊ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾက သူမ်ားက အလိုေတာ္ျပည့္ ဆရာေတာ္ႀကီးထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားက ဗုဒၶါဘိေသကအေနကဇာတင္ပူေဇာ္ၾကသည္။ ထို႔ေနာက္ ဧည့္ပရိသတ္မ်ားက အလိုေတာ္ျပည့္ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာၾကား၍ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။ ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး၊ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ား၊ ေဒသခံ ျပည္သူမ်ားႏွင့္ ဘုရားဖူးျပည္သူမ်ားက ပင့္သံဃာေတာ္ ၅၂၈ ပါးတို႔အား လွဴဖြယ္ပစၥည္းမ်ားကို ဆက္ကပ္ေလာင္းလွဴခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ညောင်ဦးမြို့ရှိ အလိုတော်ပြည့် စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၂၂ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ရှိ အလိုတော်ပြည့် စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆုတောင်းပွဲမင်္ဂလာကို ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း တက်ရောက်၍ ဖွင့်ပွဲကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ 

အလိုတော်ပြည့်စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး ရင်ပြင်၌ ဆက်လက်ပြုလုပ်ရာ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်နှင့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ဓမ္မငြိမ်းချမ်းရေးဆုရ အလိုတော်ပြည့် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ တိုင်းမှူးနှင့်အဖဲ့ွဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက အလိုတော်ပြည့် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြသည်။ ထို့နောက် ဧည့်ပရိသတ်များက အလိုတော်ပြည့် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ဘုရားဖူးပြည်သူများက ပင့်သံဃာတော် ၅၂၈ ပါးတို့အား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News