သေျပညီေနာင္ေအာင္ေဇယ်မုနိေစတီေတာ္ ဗုဒၶပူဇနိယပြဲေတာ္ႏွင့္ သေျပညီေနာင္ေက်ာင္းတိုက္အတြင္းရွိ ေရႊတိဂံုေစတီေတာ္၊ က်ဳိက္ထီး႐ုိးေစတီေတာ္၊ ကမၻာလံုးေစတီေတာ္တုိ႔အား ေရႊထီးေတာ္တင္ အလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၂ 

 

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ အုမၼခါးေက်းရြာအုပ္စု၊ ငုကၡေလးေက်းရြာအနီးရွိ သေျပညီေနာင္ ေအာင္ေဇယ်မုနိေစတီေတာ္ ဗုဒၶပူဇနိယပြဲေတာ္၊ သေျပညီေနာင္ေက်ာင္းတုိက္အတြင္းရွိ ကမၻာလံုးေစတီေတာ္၊ ေရႊတိဂံုေစတီေတာ္၊ က်ဳိက္ထီး႐ုိးေစတီေတာ္ တုိ႔အား စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေရႊထီးေတာ္တင္အလွဴ မဂၤလာႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ပူေဇာ္ပြဲကို ယေန႔နံနက္ပုိင္းတြင္ သေျပညီေနာင္ ေက်ာင္းတုိက္၌ ျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသဝါဒါ စရိယ ေနာင္ခ်ဳိၿမိဳ႕၊ ဘန္႔ေဘြးေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ဘဒၵႏၲဥတၱရ၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ သံဃနာယကဥကၠ႒ ေဟာ္ေတာ္ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲဝေသ႒ႏွင့္ သေျပညီေနာင္ ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲစႏိၵမာ အမွဴးျပဳေသာ သံဃာေတာ္ ၁ဝ၈ ပါး ႂကြေရာက္ေတာ္မူၾကသည္။ 

 

ဦးစြာ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားက ဘန္႔ေဘြးေက်ာင္းတုိက္ ဆရာေတာ္ထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကၿပီး တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္ဘံု အဆင့္ဆင့္တုိ႔ကို သံဃာေတာ္မ်ားထံ ဆက္ကပ္လွဴဒါန္းကာ ေစတီေတာ္မ်ား၏ အထြတ္အထိပ္သို႔ ပင့္ေဆာင္တင္လွဴပူေဇာ္ၾကသည္။ ထို႔ေနာက္ သံဃာေတာ္မ်ားက ေစတီေတာ္မ်ားအား ဗုဒၶါဘိေသက အေနကဇာတင္လွဴပူေဇာ္ၾကၿပီး တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ေလာင္းလွဴၾကသည္။ 

 

ထို႔ျပင္ သေျပညီေနာင္ ေက်ာင္းတုိက္အတြင္း တည္ထားကိုးကြယ္လ်က္ရွိသည့္ သေျပညီေနာင္ ေအာင္ေဇယ်မုနိ ေစတီေတာ္ ဗုဒၶပူဇနိယ ပြဲေတာ္ကိုလည္း ဒီဇင္ဘာ ၂ဝ ရက္မွ ယေန႔အထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပလ်က္ရွိသည္။ အဆုိပါ သေျပညီေနာင္ ေအာင္ေဇယ်မုနိ ေစတီေတာ္ ဗုဒၶပူဇနိယပြဲေတာ္တြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း) ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ံုး ကြပ္ကဲမႈေအာက္ရွိ အမွတ္(၂)နယ္လွည့္ျပည္သူ႔ဆက္ဆံေရး တပ္ခြဲမွ စစ္သည္၊ စစ္သမီးမ်ားႏွင့္ ေဒသခံတုိင္းရင္းသား ႐ုိးရာယဥ္ေက်းမႈ အဖြဲ႕မ်ားက အဆုိ၊ အက၊ အတီး၊ အမႈတ္မ်ားျဖင့္ ဒီဇင္ဘာ ၂ဝ ရက္မွ ယေန႔အထိ သီဆုိကျပေဖ်ာ္ေျဖၾကရာ ေနာင္ခ်ဳိၿမိဳ႕နယ္ အတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ား၊ ခရီးသြား ဧည့္ပရိသတ္မ်ား၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား လာေရာက္ၾကည့္႐ႈ အားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

သပြေညီနောင်အောင်ဇေယျမုနိစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သပြေညီနောင်ကျောင်းတိုက်အတွင်းရှိ ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုးစေတီတော်၊ ကမ္ဘာလုံးစေတီတော်တို့အား ရွှေထီးတော်တင် အလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၂၂ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာအနီးရှိ သပြေညီနောင် အောင်ဇေယျမုနိစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ သပြေညီနောင်ကျောင်းတိုက်အတွင်းရှိ ကမ္ဘာလုံးစေတီတော်၊ ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုးစေတီတော် တို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်အလှူ မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သပြေညီနောင် ကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါ စရိယ နောင်ချိုမြို့၊ ဘန့်ဘွေးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဥတ္တရ၊ နောင်ချိုမြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ ဟော်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝသေဋ္ဌနှင့် သပြေညီနောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ အမှူးပြုသော သံဃာတော် ၁ဝ၈ ပါး ကြွရောက်တော်မူကြသည်။ 

ဦးစွာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများက ဘန့်ဘွေးကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကာ စေတီတော်များ၏ အထွတ်အထိပ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် သံဃာတော်များက စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။ 

ထို့ပြင် သပြေညီနောင် ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် သပြေညီနောင် အောင်ဇေယျမုနိ စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း ဒီဇင်ဘာ ၂ဝ ရက်မှ ယနေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါ သပြေညီနောင် အောင်ဇေယျမုနိ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများနှင့် ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များက အဆို၊ အက၊ အတီး၊ အမှုတ်များဖြင့် ဒီဇင်ဘာ ၂ဝ ရက်မှ ယနေ့အထိ သီဆိုကပြဖျော်ဖြေကြရာ နောင်ချိုမြို့နယ် အတွင်းရှိ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ ခရီးသွား ဧည့်ပရိသတ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News