ေတာင္ငူၿမိဳ႕၊ ေရွးေဟာင္းဒကၡိဏရာမစူဠာမဏိေစတီေတာ္ျမတ္ႀကီး ဘက္စံုျပဳျပင္မြမ္းမံၿပီးစီးျခင္းေရစက္ခ်မဂၤလာႏွင့္ ေရႊထီး ေတာ္တင္လွဴပူေဇာ္ပြဲျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၃ 

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ဒကၡိဏရာမေက်ာင္းတိုက္အတြင္းရွိ ေရွးေဟာင္း ဒကၡိဏရာမစူဠာမဏိေစတီေတာ္ျမတ္ႀကီး ဘက္စံုျပဳျပင္မြမ္းမံၿပီးစီးျခင္း ေရစက္ခ် မဂၤလာႏွင့္ ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲကို ဒီဇင္ဘာ၂၂ ရက္ နံနက္ပိုင္းတြင္ အဆိုပါေစတီေတာ္ႀကီး၌ျပဳလုပ္ရာ ေတာင္ငူၿမိဳ႕၊ ၾကာနီကန္ ပရိယတၱိစာသင္တုိက္ေက်ာင္း ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာဂႏၴ၀ါစကပ႑ိတ ဘဒၵႏၲသူရိယ အမွဴးျပဳေသာ သံဃာေတာ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိး၀င္းႏွင့္အဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ေစတနာရွင္အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ ေတာ္မ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ဧည့္ပရိသတ္မ်ားက နေမာတႆသံုးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့ၾကၿပီး တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ၾကာနီကန္ ေက်ာင္းတိုက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ထို႔ေနာက္ ေဂါပကအဖြဲ႕မ်ားမွ ပရိတ္ပန္း၊ပရိတ္ေရ၊ ပရိတ္သဲ၊ ပရိတ္ခ်ည္မ်ားယူေဆာင္၍ ေစတီေတာ္ရင္ျပင္အတြင္း ပက္ဖ်န္း၊ ႀကဲျဖန္႔၊ ခ်ည္ေႏွာင္ျခင္းမ်ားေဆာင္ရြက္ၾကသည္။ 

ယင္းေနာက္ တုိင္းမွဴးႏွင့္အလွဴရွင္မ်ားကသံဃာေတာ္မ်ားထံ ေရႊထီးေတာ္၊ စိန္ဖူးေတာ္၊ငွက္ျမတ္နားေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကၿပီး ၾကာနီကန္ေက်ာင္းတိုက္ဆရာေတာ္ထံမွ အႏုေမာဒနာတရားနာၾကား၍ လွဴဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ 

ဆက္လက္၍ ေရႊထီးေတာ္၊ စိန္ဖူးေတာ္၊ငွက္ျမတ္နားေတာ္တင္လွဴပူေဇာ္ပြဲကို က်င္းပျပဳလုပ္ရာ ဒကၡိဏရာမေက်ာင္းတိုက္ဆရာ ေတာ္ ဘဒၵႏၲေဒါက္တာကု႑လအမွဴးျပဳ၍တုိင္းမွဴးႏွင့္ ေစတနာရွင္အလွဴရွင္မ်ားက ေရႊထီးေတာ္၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔ကိုပင့္ေဆာင္၍ ေစတီေတာ္ျမတ္ႀကီးအားလက္ယာရစ္လွည့္လည္ပူေဇာ္ၾကကာ မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္အထြတ္ သို႔ပင့္ေဆာင္တင္လွဴပူေဇာ္သည္။ထုိ႔ေနာက္ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက သံဃာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္ လွဴဒါန္းခဲ့ၾကေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

 

       

တောင်ငူမြို့၊ ရှေးဟောင်းဒက္ခိဏရာမစူဠာမဏိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံပြီးစီးခြင်းရေစက်ချမင်္ဂလာနှင့် ရွှေထီး တော်တင်လှူပူဇော်ပွဲပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၂၃ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဒက္ခိဏရာမကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း ဒက္ခိဏရာမစူဠာမဏိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံပြီးစီးခြင်း ရေစက်ချ မင်္ဂလာနှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ဒီဇင်ဘာ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိစာသင်တိုက်ကျောင်း ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည် တော်များ တက်ရောက်ကြသည်။ 

ဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဂေါပကအဖွဲ့များမှ ပရိတ်ပန်း၊ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များယူဆောင်၍ စေတီတော်ရင်ပြင်အတွင်း ပက်ဖျန်း၊ ကြဲဖြန့်၊ ချည်နှောင်ခြင်းများဆောင်ရွက်ကြသည်။ 

ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များကသံဃာတော်များထံ ရွှေထီးတော်၊ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကြာနီကန်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 
 

ဆက်လက်၍ ရွှေထီးတော်၊ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲကို ကျင်းပပြုလုပ်ရာ ဒက္ခိဏရာမကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တဒေါက်တာကုဏ္ဍလအမှူးပြု၍တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကိုပင့်ဆောင်၍ စေတီတော်မြတ်ကြီးအားလက်ယာရစ်လှည့်လည်ပူဇော်ကြကာ မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်သည်။ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။                    

Recent News