လူသံုးကုန္၊ အလွကုန္ထုတ္လုပ္မႈနည္းပညာသင္တန္း ဖြင့္ပြဲျပဳလုပ္ 

 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၄

 

 စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ အေသးစား စက္မႈ လက္မႈလုပ္ငန္း ဦးစီးဌာနႏွင့္ အေနာက္ေျမာက္ တိုင္းစစ္ဌာနခ်ဳပ္တို႔ ပူးေပါင္းဖြင့္လွစ္သည့္ လူသံုးကုန္၊ အလွကုန္ ထုတ္လုပ္သည့္ နည္းပညာ သင္တန္းဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္ ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ဖုန္းျမတ္ႏွင့္ အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီး၊ အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ နည္းျပမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား ႏွင့္ သင္တန္းသူမ်ား တက္ေရာက္ၾကသည္။ ဦးစြာ တိုင္းမွဴးက အဖြင့္အမွာ စကားေျပာၾကား သည္။ 

 

ထို႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက သင္ေထာက္ကူ ပစၥည္းမ်ားအား လွည့္လည္ၾကည့္႐ႈ ေလ့လာၾကသည္။ အဆိုပါသင္တန္းကို တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ တပ္မေတာ္ သားမိသားစုဝင္ သင္တန္းသူ ၂ဝ ဦးျဖင့္ မ်က္ႏွာသစ္ဆပ္ျပာခဲ၊ အဝတ္ေလွ်ာ္ဆပ္ျပာရည္၊ ပန္းကန္ေဆးဆပ္ျပာရည္၊ လက္ေဆးဆပ္ျပာရည္၊ ေရခ်ဳိးဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္၊ မွန္ၾကည္ ေဆးရည္၊ ဆပ္ျပာခရင္မ္၊ အန႔ံဆိုးေပ်ာက္ ေဆးရည္ႏွင့္ ေၾကြျပား သန္႔စင္ေဆးရည္ ျပဳလုပ္ နည္းတို႔ကို ဒီဇင္ဘာ ၂၈ ရက္ အထိ ဖြင့္လွစ္သင္ၾကား ပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၂၄ 

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ အသေးစား စက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်၊ အလှကုန် ထုတ်လုပ်သည့် နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြား သည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။ အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် သားမိသားစုဝင် သင်တန်းသူ ၂ဝ ဦးဖြင့် မျက်နှာသစ်ဆပ်ပြာခဲ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မှန်ကြည် ဆေးရည်၊ ဆပ်ပြာခရင်မ်၊ အနံ့ဆိုးပျောက် ဆေးရည်နှင့် ကြွေပြား သန့်စင်ဆေးရည် ပြုလုပ် နည်းတို့ကို ဒီဇင်ဘာ ၂၈ ရက် အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News