ၿငိမ္းခ်မ္းေရးထုတ္ျပန္ခ်က္အတုိင္း စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားၿပီးျဖစ္၊ ကြတ္ခိုင္ၿမဳိ႕နယ္၊ ေရႊေမွာ္ ေက်းရြာအနီး ထိေတြ႕တုိက္ပြဲျဖစ္ပြားမႈသတင္းမွာ မွန္ကန္မႈမရွိ 

 

ၿငိမ္းခ်မ္းေရးထုတ္ျပန္ခ်က္အတုိင္း စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားၿပီးျဖစ္၊ ကြတ္ခိုင္ၿမဳိ႕နယ္၊ ေရႊေမွာ္ ေက်းရြာအနီး ထိေတြ႕တုိက္ပြဲျဖစ္ပြားမႈသတင္းမွာ မွန္ကန္မႈမရွိ 

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ - ၂၅ 

တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႀကဳိးပမ္းေဆာင္ရြက္ လ်က္ရွိၿပီး ေျမာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမႏွင့္ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္အထိ စစ္ဆင္ေရးနယ္ေျမအလိုက္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈ အားလုံး ရပ္ဆုိင္းေပးခဲ့ၿပီးျဖစ္သည္။ 

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္စြဲျဖင့္ PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရးဌာနမွ TNLA ႏွင့္ ျမန္မာစစ္တပ္တို႔ ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲ ျပန္လည္ျဖစ္ပြားေၾကာင္း Social Media ၌ ေဖာ္ျပခ်က္အေပၚ RFA ၊ The Voice ၊ Marnagar News Journal ၊ The Ladies ၊ မဇၩိမ ၊ ဧရာ၀တီႏွင့္ ေခတ္သစ္မီဒီယာတို႔မွ ထပ္ဆင့္သတင္းထုတ္လႊင့္ခဲ့ၾကေၾကာင္း ေတြ႕ရသည္။ 

ထိုသို႔ TNLA ထုတ္ျပန္ခ်က္ႏွင့္ သတင္းမီဒီယာအခ်ဳိ႕မွ ထပ္ဆင့္ ထုတ္လႊင့္ေဖာ္ျပထားမႈသတင္းမွာ မွန္ကန္မႈမရွိဘဲ ကြတ္ခိုင္ၿမဳိ႕နယ္၊ ေရႊေမွာ္ေက်းရြာအနီးတြင္ တပ္မေတာ္ စစ္ေၾကာင္းမ်ားႏွင့္ TNLA အဖြဲ႕တို႔ ထိေတြ႕တုိက္ပြဲ ျဖစ္ပြားမႈမရွိေၾကာင္း သိရွိရသျဖင့္ ပစ္ခတ္တိုက္ခုိက္မႈရပ္စဲေရးမွတဆင့္ ထာ၀ရၿငိမ္းခ်မ္းေရးသို႔ ေဆာင္ရြက္မႈ က႑ အသီးသီးတြင္ ၿငိမ္းခ်မ္းေရးရယူရန္ အမွန္တကယ္ဆႏၵမရွိသူမ်ားႏွင့္ ၿငိမ္းခ်မ္းေရးအား ျဖစ္ေျမာက္မႈ အားနည္းေစရန္ ေသြးထိုးလႈံ႕ေဆာ္သည့္ အဖြဲ႕အစည္းမ်ား၏ အဖ်က္အေမွာင့္ လုပ္ရပ္တစ္ခုသာ ျဖစ္ႏုိင္ေၾကာင္း ႏွင့္ တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔ ထုတ္ျပန္ခ်က္အတုိင္း သႏၷိဌာန္စိတ္ျဖင့္ ခိုင္ခုိင္မာမာ ဆက္လက္ရပ္တည္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ အပ္ပါ သည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ 

(Unicode Version)

 

 

ငြိမ်းချမ်းရေးထုတ်ပြန်ချက်အတိုင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားပြီးဖြစ်၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော် ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသတင်းမှာ မှန်ကန်မှုမရှိ 

နေပြည်တော် ၊ ဒီဇင်ဘာ - ၂၅ 

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများအတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှု အားလုံး ရပ်ဆိုင်းပေးခဲ့ပြီးဖြစ်သည်။ 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်စွဲဖြင့် PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ TNLA နှင့် မြန်မာစစ်တပ်တို့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားကြောင်း Social Media ၌ ဖော်ပြချက်အပေါ် RFA ၊ The Voice ၊ Marnagar News Journal ၊ The Ladies ၊ မဇ္ဈိမ ၊ ဧရာဝတီနှင့် ခေတ်သစ်မီဒီယာတို့မှ ထပ်ဆင့်သတင်းထုတ်လွှင့်ခဲ့ကြကြောင်း တွေ့ရသည်။ 

ထိုသို့ TNLA ထုတ်ပြန်ချက်နှင့် သတင်းမီဒီယာအချို့မှ ထပ်ဆင့် ထုတ်လွှင့်ဖော်ပြထားမှုသတင်းမှာ မှန်ကန်မှုမရှိဘဲ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းများနှင့် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိကြောင်း သိရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှတဆင့် ထာဝရငြိမ်းချမ်းရေးသို့ ဆောင်ရွက်မှု ကဏ္ဍ အသီးသီးတွင် ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒမရှိသူများနှင့် ငြိမ်းချမ်းရေးအား ဖြစ်မြောက်မှု အားနည်းစေရန် သွေးထိုးလှုံ့ဆော်သည့် အဖွဲ့အစည်းများ၏ အဖျက်အမှောင့် လုပ်ရပ်တစ်ခုသာ ဖြစ်နိုင်ကြောင်း နှင့် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အတိုင်း သန္နိဌာန်စိတ်ဖြင့် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါ သည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 

Recent News