တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၅) ျပန္တမ္း၀င္အရာရွိခန္႔အပ္ျခင္း အခမ္းအနားက်င္းပ

 

ေနျပည္ေတာ္၊  ဒီဇင္ဘာ - ၂၆

တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္(၅)  ျပန္တမ္း၀င္အရာရွိခန္႔အပ္ျခင္း အခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၊ ျမ၀တီခန္းမ၌က်င္းပရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ စစ္ရာထူးခန္႔ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေခတၱေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးႀကီး ေက်ာ္ဇံ၊ ေက်ာင္းဆင္း ဗုိလ္ေလာင္းမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေခတၱေက်ာင္းအုပ္ႀကီးတုိ႔သည္ စင္ျမင့္ထက္တြင္ေနရာယူၾကသည္။ ယင္းေနာက္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး လူေအးက ေက်ာင္းဆင္း ဗုိလ္ေလာင္းတစ္ဦးခ်င္းစီအား ျပန္တမ္း၀င္ခန္႔အပ္လႊာမ်ားေပးအပ္သည္။ ဆက္လက္ၿပီး စစ္ရာထူးခန္႔ခ်ဳပ္က အမွာစကားေျပာၾကားၿပီး အခမ္းအနားကုိ႐ုပ္သိမ္းလုိက္သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ျပန္တမ္း၀င္အရာရွိခန္႔အပ္ျခင္းအခမ္းအနားတြင္ ေက်ာင္းဆင္းဘြဲ႕ရ အမ်ိဳးသမီးဗုိလ္ေလာင္းမ်ားအား ဒုတိယဗုိလ္အဆင့္ျဖင့္ ရာထူးခန္႔အပ္ေပးျခင္းျဖစ္သည္။ ဘြဲ႕ရ အမ်ိဳးသမီးအရာရွိ ဗုိလ္ေလာင္းသင္တန္းအား တပ္မေတာ္အတြက္ အရည္အခ်င္းျပည့္၀သည့္ ဦးစီးအရာရွိမ်ား ေမြးထုတ္ေပးရန္ ဆုိသည့္ရည္ရြယ္ခ်က္ျဖင့္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)၌ ၂၀၁၄ ခုႏွစ္မွစတင္ဖြင့္လွစ္သင္ၾကားခဲ့ၿပီး ယခုအခါဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၅)အထိ ေလ့က်င္ေမြးထုတ္ေပးႏုိင္ခဲ့ၿပီျဖစ္သည္။ ယခုဘြဲ႕ရ  အမ်ိဳးသမီးဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၅)တြင္ မဟာသုေတသနဘြဲ႕ရရွိသူ ၄ ဦး၊ မဟာ ၀ိဇၨာဘြဲ႕ႏွင့္ မဟာသိပၸံဘြဲ႕ရရွိသူ ၁၄ ဦး၊ မဟာဘြဲ႕တက္ေရာက္ရန္အဆင့္မီသူ ၁၅ ဦးႏွင့္ ၀ိဇၨာဘြဲ႕ ရရွိသူ ၆၄ ဦးျဖစ္ေၾကာင္းႏွင့္ သင္တန္းဆင္းအမ်ိဳးသမီးအရာရွိ မ်ားအေနျဖင့္ သက္ဆုိင္ရာ (ၾကည္း၊ေရ၊ေလ)လက္႐ုံးတပ္ဖြဲ႕မ်ားတြင္ အသီးသီးတာ၀န္ ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊  ဒီဇင်ဘာ - ၂၆

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅)  ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇံ၊ ကျောင်းဆင်း ဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ တပ်မတော်အရာရှိကြီးများနှင့် ခေတ္တကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင်နေရာယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောင်းဆင်း ဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်သည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ်က အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရ အမျိုးသမီးအရာရှိ ဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက် အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှစတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅)အထိ လေ့ကျင်မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ယခုဘွဲ့ရ  အမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅)တွင် မဟာသုတေသနဘွဲ့ရရှိသူ ၄ ဦး၊ မဟာ ဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ရရှိသူ ၁၄ ဦး၊ မဟာဘွဲ့တက်ရောက်ရန်အဆင့်မီသူ ၁၅ ဦးနှင့် ဝိဇ္ဇာဘွဲ့ ရရှိသူ ၆၄ ဦးဖြစ်ကြောင်းနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိ များအနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ရေ၊လေ)လက်ရုံးတပ်ဖွဲ့များတွင် အသီးသီးတာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News