ဘဲြ႕ရအမ်ဳိးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၅)သင္တန္းဆင္းအရာရွိမ်ားႏွင့္ မိသားစု၀င္မ်ား၏ ၀မ္းသာပီတိစကားသံမ်ား 

ဗိုလ္ႀကီးသိဂႌေဆြ (ဗိုလ္ေလာင္းတပ္စုမွဴး)တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း 

နည္းျပတစ္ေယာက္ျဖစ္တဲ့အတြက္ ဘြဲ႕ရအမ်ဳိးသမီးဗိုလ္ေလာင္းေတြရဲ႕ တပ္တြင္း၊တပ္ျပင္ စာေတြ႕၊ လက္ေတြ႕ သင္ခန္းစာေတြ ကို သင္ၾကားေပးရပါတယ္။ တစ္ပတ္စဥ္နဲ႔ တစ္ပတ္စဥ္ မတူညီသလို အသံုးျပဳတဲ့ သင္ေထာက္ကူပစၥည္းေတြလည္း အပတ္စဥ္ေတြမ်ားလာတာနဲ႔အမွ် သူတို႔လုပ္တဲ့သင္ခန္းစာေတြ အရည္အေသြးပိုမိုေကာင္းမြန္လာပါတယ္။ ဒီလိုသင္ေထာက္ကူ ပစၥည္းေတြကို ျပည့္ျပည့္စံုစံုနဲ႔သင္ၾကားခြင့္ရတဲ့ ဗိုလ္ေလာင္းေတြအတြက္၀မ္းသာမိပါတယ္။ ဒါ့ျပင္ စီနီယာတစ္ေယာက္ အေနနဲ႔လည္း ကိုယ္တိုင္ေက်ာ္ျဖတ္ခဲ့ရတဲ့ စာေတြ႕၊ လက္ေတြ႕သင္ခန္းစာအေတြ႕အႀကံဳေတြကို သင္ၾကားေပးႏိုင္လို႔ လည္း၀မ္း သာမိပါတယ္။ ဗိုလ္ေလာင္းတစ္ဦးရဲ႕ သြားလာေနထိုင္စားေသာက္ရမယ့္ပံုစံေတြ၊ စည္းကမ္းေတြကိုလည္း ေလ့က်င့္ သင္ၾကား ေပးတယ္။ ကြၽန္မအေနနဲ႔ကလည္း ဗိုလ္ေလာင္းတပ္စုမွဴး တာ၀န္ယူထားတဲ့အတြက္ ဗိုလ္ေလာင္းေတြရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈနဲ႔အတူပါ၀င္ၿပီး ၾကပ္မတ္ေဆာင္ရြက္ေပးရတယ္။ အခု အမွတ္စဥ္(၅)က ဗိုလ္ေလာင္း ညီမေလးေတြက လည္း စည္းစနစ္က်က်နဲ႔ အထက္ေအာက္ ႐ိုေသေလးစားမႈေတြနဲ႔ အျပည့္အ၀နာခံတတ္တဲ့အတြက္ေၾကာင့္ တပ္စုမွဴးတစ္ေယာက္ အေနနဲ႔ ၀မ္းသာဂုဏ္ယူမိပါတယ္။ 

ဒုတိယဗိုလ္ ခင္မိုးျမင့္(အေကာင္းဆံုးဗိုလ္ေလာင္းဆု) 

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က လာေရာက္တက္ျဖစ္တာပါ။ ေမြးခ်င္းညီအစ္မသံုးေယာက္ရွိပါတယ္။ ကြၽန္မကအႀကီးဆံုးပါ။ ညီမအငယ္ႏွစ္ေယာက္မွာ တစ္ေယာက္က ဆယ္တန္း၊ တစ္ေယာက္က ေလးတန္းတက္ေနပါတယ္။ ကြၽန္မက မဟာ၀ိဇၨာဘြဲ႕(အဂၤလိပ္စာ)ရရွိထားပါတယ္။ ကြၽန္မအေနနဲ႔ႏိုင္ငံေတာ္တာ၀န္ကို တစ္ေထာင့္တစ္ေနရာကေန ကိုယ္တတ္ကြၽမ္း တဲ့ပညာရပ္နဲ႔ ပါ၀င္ၿပီး ထမ္းေဆာင္ခ်င္လို႔ ဗိုလ္သင္တန္းေက်ာင္းကိုတက္ေရာက္ခဲ့တာပါ။ ဗိုလ္သင္တန္းေက်ာင္း ကိုမတက္ခင္အခ်ိန္နဲ႔ တက္ေရာက္ၿပီးတဲ့ေနာက္မွာယံုၾကည္ခ်က္ေတြေရာ ခံယူခ်က္ေတြပါအမ်ားႀကီးေျပာင္းလဲသြားပါတယ္။ လံု႔လ၀ီရိယနဲ႔ စိတ္ဓာတ္ရွိရင္ အရာအားလံုးျဖစ္တယ္ဆိုတဲ့စိတ္နဲ႔ လုပ္ခဲ့တဲ့အတြက္ အေကာင္းဆံုးဗိုလ္ေလာင္း ဆုရရွိခဲ့ပါ တယ္။ စိတ္ဓာတ္၊ စည္းကမ္းပိုင္းကအစ ေက်ာင္းကခ်မွတ္ထားတဲ့ တိုက္တြန္းခ်က္ေတြကိုလည္း အေကာင္းဆံုး လိုက္နာလုပ္ ေဆာင္ခဲ့တယ္။ တားျမစ္ခ်က္ေတြကိုလည္း လိုက္နာခ့ဲတယ္။ နည္းျပေတြရဲ႕ သင္ၾကားျပသေပးမႈေတြကိုလည္း တက္တက္ ၾကြၾကြနဲ႔ လိုက္နာလုပ္ေဆာင္ခဲ့ပါတယ္။ အရင္ဗိုလ္ေလာင္းအမွတ္စဥ္ (၁)၊ (၂)၊ (၃)၊ (၄) မွာကတည္းက တပ္မေတာ္ထဲကို ၀င္ေရာက္ဖို႔ ဆႏၵရွိခဲ့ပါတယ္။ ေက်ာင္းေတာ္ႀကီးကေန သင္ၾကားေပးလိုက္တဲ့ အတတ္ပညာေတြနဲ႔ စိတ္ဓာတ္ႀကံ့ခိုင္ေအာင္ သင္ၾကားေပးလိုက္တာေတြအားလံုးေပါင္းၿပီးေတာ့ ႀကိဳးႀကိဳးစားစားနဲ႔ ဆက္လက္တာ၀န္ထမ္းေဆာင္သြားပါမယ္။ 

ဒုတိယဗိုလ္ ေနာ္ေအးျမတ္သြယ္(ေသနတ္ပစ္အေကာင္းဆံုးဆု) 

ကြၽန္မကေတာ့ ဗိုလ္ေလာင္း ကသ အမွတ္(၈၄) ေနာ္ေအးျမတ္သြယ္ပါ။ အသက္ ၂၆ ႏွစ္ရွိပါၿပီ။ ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း ပန္းေတာင္းၿမိဳ႕နယ္ ဆင္တဲေက်းရြာအုပ္စုကပါ။ ကြၽန္မအေနနဲ႔ ေက်ာင္းေနစဥ္ကတည္းက တပ္မေတာ္ဗိုလ္ သင္တန္း ေက်ာင္း တက္ခ်င္တဲ့စိတ္ေတြရွိခဲ့တယ္။ ၀ါသနာပါခဲ့ပါတယ္။ ကြၽန္မ မဟာဥပေဒနဲ႔ဘြဲ႕ရလို႔ ေက်ာင္းၿပီးသြားတဲ့အခါမွာ အမွတ္စဥ္(၅) ဗိုလ္ေလာင္းသင္တန္းကို တက္ေရာက္ျဖစ္ခဲ့တာပါ။ သင္တန္းမွာ ေသနတ္ပစ္အေကာင္းဆံုးဆုရရွိခဲ့ပါတယ္။ ဒီလိုဆုကိုရရွိဖို႔အတြက္ ဘယ္လိုႀကိဳးစားခဲ့ရတာလဲဆိုရင္ အဓိကကေတာ့ သင္တန္းနည္းျပဆရာေတြရဲ႕ ေလ့က်င့္သင္ၾကားေပး မႈပါပဲ။ ဆရာေတြရဲ႕ သင္ၾကားမႈကို တစ္သေ၀မတိမ္း ဂ႐ုတစိုက္လိုက္လုပ္တယ္။ ဒီအေပၚမွာပဲ အာ႐ံုစူးစိုက္ခဲ့တယ္။ ဆရာေတြရဲ႕ စနစ္တက် ေလ့က်င့္သင္ၾကားေပးမႈအေပၚမွာပဲ ဂ႐ုတစိုက္လိုက္လုပ္ခဲ့လို႔ အခုလို ဆုရရွိခဲ့တာပါ။ ကြၽန္မအေနနဲ႔ ေသနတ္ပစ္တာကို ငယ္ငယ္ကတည္းကစိတ္၀င္စားတာပါ။ အခုသင္တန္းမွာလည္း ပစ္ခတ္စဥ္ေတြအမ်ဳိးမ်ဳိးပစ္ရတဲ့အေပၚမွာ တကယ္ကိုစိတ္၀င္တစားလုပ္ခဲ့လို႔လည္း ဆုရခဲ့တာလို႔ျမင္ပါတယ္။ ေရွ႕ဆက္ၿပီးေတာ့ ကိုယ္တတ္ထားတဲ့ပညာနဲ႔ တပ္မေတာ္ အတြက္ အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္မွာပါ။ 

ဒုတိယဗိုလ္ နႏၵာေအာင္(ႀကံ့ခိုင္ေရးအေကာင္းဆံုးဆု) 

ကြၽန္မက ကသအမွတ္(၄၃) ဗိုလ္ေလာင္း နႏၵာေအာင္ပါ။ ပအို၀့္တိုင္းရင္းသူပါ။ အေဖက ဦးေအာင္ေရႊ၊ အေမက ေဒၚနန္းငန္းပါ။မိဘေတြက ေတာင္ယာလုပ္ပါတယ္။ ကြၽန္မအသက္ ၂၅ ႏွစ္ရွိပါၿပီ။ မဟာ၀ိဇၨာဘြဲ႕(ပထ၀ီ၀င္)နဲ႔ ေက်ာင္းၿပီး ထားပါတယ္။ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္ တီေခါင္ေက်းရြာအုပ္စု ဥသကၠံဆေက်းရြာမွာေနပါတယ္။ ေမြးခ်င္းရွစ္ေယာက္မွာ အငယ္ဆံုးျဖစ္ပါတယ္။ သူတို႔က ၀န္ထမ္းလုပ္တဲ့သူနဲ႔ ေတာင္ယာလုပ္တဲ့သူေတြလည္းရွိပါတယ္။ တပ္မေတာ္ေန႔မတိုင္မီနဲ႔ တပ္မေတာ္ေန႔ဆိုရင္ ႊဠ မွာ တပ္မေတာ္ သားေတြရဲ႕ စစ္ေရးျပပံုေတြ၊ တပ္မေတာ္ သားေတြရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္ေတြကို သေဘာက်တဲ့အတြက္ ကြၽန္မအေနနဲ႔ တပ္မေတာ္ထဲကို ၀င္ေရာက္ျဖစ္ခဲ့တာပါ။ ကြၽန္မ ဒီလို တပ္မေတာ္ထဲကို၀င္လာတဲ့ အခ်ိန္ကာလေတြမွာ ႀကံ့ခိုင္ေရးဆရာေတြရဲ႕ သင္ျပမႈေတြ၊ ဆရာေတြရဲ႕ အမိန္႔နာခံရ တဲ့စည္းကမ္းေတြလိုက္နာၿပီး လိုက္ပါလုပ္ေဆာင္ခဲ့တဲ့အတြက္ေၾကာင့္ သင္တန္းကေပးအပ္တဲ့ ႀကံ့ခိုင္ေရး အေကာင္းဆံုး ဆုကိုရရွိတယ္လို႔ျမင္ပါတယ္။ အရင္ကေတာ့ အခုလို လူေတြအမ်ားႀကီးနဲ႔မေနဖူးဘူး။ အခု ဗိုလ္သင္တန္း ကိုတက္ေရာက္ ျဖစ္တဲ့အခါမွာ သူငယ္ခ်င္းေတြနဲ႔ေပါင္းသင္းတတ္လာတယ္။ သူငယ္ခ်င္းေတြရဲ႕စိတ္ဓာတ္ေတြ ကိုလည္းသိ လာရတယ္။ အရင္ကတစ္ခုခုဆိုရင္ မေျပာရဲမဆိုရဲဘူး။ အခုေတာ့ ေျပာရဲဆိုရဲေတာ့ျဖစ္လာၿပီ။ အားလံုးနဲ႔အဆင္ေျပေအာင္ ကိုယ့္ရဲ႕ စိတ္ဓာတ္ကို ဘယ္လိုထားရမယ္၊ ဘယ္လိုျပဳျပင္ရမယ္ဆိုတာ သိလာတယ္။ ဘယ္လိုေနထိုင္ရမယ္ဆိုတာေတြ သိလာတယ္။ အခု သင္တန္းကလည္းဆင္းသြားၿပီဆိုတာနဲ႔ တပ္မေတာ္ကေန ျပန္တမ္း၀င္အရာရွိတစ္ေယာက္အျဖစ္ ခန္႔အပ္ေပး လိုက္တဲ့အေပၚမွာ တပ္မေတာ္ရဲ႕ အမိန္႔ေတြ၊ စည္းကမ္းေတြ၊ တာ၀န္ေတြကို ေက်ေက်ပြန္ပြန္ထမ္းေဆာင္သြားမွာပါ။ 

ေဒၚလွလွ၀င္း ဒုတိယဗိုလ္ ခင္မိုးျမင့္၏မိခင္ 

သမီးေလး အေကာင္းဆံုးဆုရခဲ့တဲ့အတြက္ ေျပာမျပတတ္ေအာင္ ၀မ္းသာပါတယ္။ ၿပီးေတာ့ ကိုယ့္သား၊ သမီးက ႏိုင္ငံေတာ္ ရဲ႕တာ၀န္ကို ထမ္းေဆာင္ရမွာျဖစ္တဲ့အတြက္ ရင္ထဲမွာစိတ္ခ်လံုၿခံဳသြားတာေပါ့။ အန္တီ့မွာ သမီးသံုးေယာက္ ရွိပါတယ္။ သူကေတာ့ သမီးအႀကီးဆံုးပါ။ အငယ္ႏွစ္ေယာက္က ဆယ္တန္းတစ္ေယာက္၊ ေလးတန္းတစ္ေယာက္ပါ။ သမီးႀကီးအေနနဲ႔ ဒီေနရာကိုေရာက္ခဲ့တဲ့အတြက္ အရမ္း၀မ္းသာပါတယ္။ ၿပီးေတာ့ သမီးႀကီးတစ္ေယာက္အေနနဲ႔ လမ္းေၾကာင္းမွန္ကို ေရာက္ခဲ့တဲ့အတြက္ ေနာက္ကလိုက္မယ့္ သမီးငယ္ေတြအတြက္ကိုလည္း အန္တီ့အေနနဲ႔ စိတ္ေအးသြား ပါၿပီ။ ေရွ႕ကသြားတဲ့ သမီးႀကီးရဲ႕လမ္းေၾကာင္းအတိုင္း သမီးငယ္ေတြကလည္း အတုခိုး၊ အတုယူမယ္လို႔ အန္တီ့စိတ္ထဲမွာ ေတြးထင္ထားပါတယ္။ မိခင္တစ္ေယာက္အေနနဲ႔ သမီးေတြ ေမြးထားေပမယ့္ စိတ္ထဲမွာ အားငယ္တာမ်ဳိး စိုးရိမ္စိတ္ေတြလည္း မရွိေတာ့ဘူး။ လံုၿခံဳစိတ္ခ်ရတဲ့ေနရာမွာ ႏိုင္ငံေတာ္တာ၀န္ကို ထမ္းေဆာင္ရမွာျဖစ္တဲ့အတြက္ ပိုၿပီးေတာ့ရင္ထဲမွာ စိတ္ခ် သြားတယ္။ 

ဦးတင့္လြင္ ဒုတိယဗိုလ္ ေနာ္ေအးျမတ္သြယ္၏ဖခင္ 

ကြၽန္ေတာ္ကေတာ့ ေသနတ္ပစ္အေကာင္းဆံုးဆု ဘြဲ႕ရအမ်ဳိးသမီးဗိုလ္ေလာင္း ေနာ္ေအးျမတ္သြယ္ရဲ႕အေဖပါ။ ပဲခူးတိုင္းေဒသ ႀကီး ပန္းေတာင္းၿမိဳ႕နယ္ ဆင္တဲေက်းရြာအုပ္စုမွာေနၿပီး မိသားစုနဲ႔အတူ ထမင္းဆိုင္ေလးဖြင့္ထားပါတယ္။ ကြၽန္ေတာ့္မွာ သား တစ္ေယာက္၊ သမီးတစ္ေယာက္ရွိပါတယ္။ သားနဲ႔ သမီးကို စိတ္ဓာတ္ေရးရာအေကာင္းဆံုးျဖစ္ေအာင္ သြန္သင္ျပသေပးခဲ့တယ္။ ပညာေတြစံုလာတဲ့အခါ စစ္တပ္ထဲကို၀င္ခ်င္လား၊ ဒါမွမဟုတ္ တျခား၀န္ႀကီးဌာနတစ္ခုခုမွာလုပ္ခ်င္လား၊ သူတို႔ကို စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ေပးထားတယ္။ ဒီအေပၚမွာ သူတို႔ဘက္ကလည္း ႀကိဳးစားၿပီးေတာ့ ဒီဗိုလ္သင္တန္းေခၚတဲ့အခါမွာ ၀င္ေရာက္ေျဖဆိုၿပီး ေအာင္ျမင္တယ္။ ဒီကေန ဗိုလ္သင္တန္းလည္း တက္ေရာက္ျဖစ္တယ္။ သင္တန္းမွာ ဆုရေအာင္ စြမ္းစြမ္းတမံႀကိဳးစားခဲ့တဲ့အတြက္ ကြၽန္ေတာ့္အေနနဲ႔ သမီးအတြက္ ဂုဏ္ယူသလို မိဘေနရာကလည္း ဂုဏ္ယူ ပါတယ္။ 

ေဒၚနန္းငန္း ဒုတိယဗိုလ္ နႏၵာေအာင္၏မိခင္ 

အန္တီတို႔က ပအို၀့္တိုင္းရင္းသားေတြပါ။ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္မွာေနပါတယ္။ ေတာင္ယာအလုပ္ကိုပဲ လုပ္ကိုင္ၾကပါတယ္။ သမီးေလးကိုတပ္မေတာ္သားတစ္ေယာက္အေနနဲ႔ အခုလိုျမင္ေတြ႕ရတဲ့အတြက္ေရာ ဆုရတဲ့အတြက္ပါ အရမ္း၀မ္းသာပီတိျဖစ္ရပါတယ္။ ဂုဏ္လည္းဂုဏ္ယူမိပါတယ္။ ဒီထက္မကလည္း ထပ္ၿပီးႀကိဳးစားေစခ်င္ပါတယ္။ သမီးအတြက္ တစ္ရြာလံုးက ၀မ္းသာဂုဏ္ယူေနၾကတယ္။ ေတြ႕လည္းေတြ႕ခ်င္ေနၾကတယ္။ သူကေမာင္ႏွမရွစ္ေယာက္ထဲမွာ အငယ္ဆံုးပါ။ အန္တီတို႔က ေတာသူေတာင္သားေတြဆိုေတာ့ အၿမဲတမ္း အလုပ္နဲ႔လက္နဲ႔မျပတ္လုပ္ရတယ္။ အန္တီတို႔မိသားစုက ျပည့္စံုတဲ့ မိသားစုမဟုတ္ေတာ့ အလုပ္လုပ္ရင္း သူ႔ကို ေက်ာင္းထားေပးရတယ္။ သမီးက ရြာမွာတုန္းက ေက်ာင္းတက္တယ္၊ ေက်ာင္းကျပန္လာရင္ အိမ္အတြက္ကူညီၿပီး အလုပ္လုပ္ေပးတယ္။ ဘယ္အလုပ္မဆို ၀ိုင္းကူၿပီးအကုန္လုပ္ေပးပါတယ္။ အခုႏိုင္ငံေတာ္တာ၀န္ထမ္းေဆာင္ရမွာျဖစ္တဲ့အတြက္ ၀မ္းသာဂုဏ္ယူပါတယ္။ 
 

 

(Unicode Version)

 

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅)သင်တန်းဆင်းအရာရှိများနှင့် မိသားစုဝင်များ၏ ဝမ်းသာပီတိစကားသံများ 

ဗိုလ်ကြီးသိင်္ဂီဆွေ (ဗိုလ်လောင်းတပ်စုမှူး)တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း 

နည်းပြတစ်ယောက်ဖြစ်တဲ့အတွက် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းတွေရဲ့ တပ်တွင်း၊တပ်ပြင် စာတွေ့၊ လက်တွေ့ သင်ခန်းစာတွေ ကို သင်ကြားပေးရပါတယ်။ တစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူညီသလို အသုံးပြုတဲ့ သင်ထောက်ကူပစ္စည်းတွေလည်း အပတ်စဉ်တွေများလာတာနဲ့အမျှ သူတို့လုပ်တဲ့သင်ခန်းစာတွေ အရည်အသွေးပိုမိုကောင်းမွန်လာပါတယ်။ ဒီလိုသင်ထောက်ကူ ပစ္စည်းတွေကို ပြည့်ပြည့်စုံစုံနဲ့သင်ကြားခွင့်ရတဲ့ ဗိုလ်လောင်းတွေအတွက်ဝမ်းသာမိပါတယ်။ ဒါ့ပြင် စီနီယာတစ်ယောက် အနေနဲ့လည်း ကိုယ်တိုင်ကျော်ဖြတ်ခဲ့ရတဲ့ စာတွေ့၊ လက်တွေ့သင်ခန်းစာအတွေ့အကြုံတွေကို သင်ကြားပေးနိုင်လို့ လည်းဝမ်း သာမိပါတယ်။ ဗိုလ်လောင်းတစ်ဦးရဲ့ သွားလာနေထိုင်စားသောက်ရမယ့်ပုံစံတွေ၊ စည်းကမ်းတွေကိုလည်း လေ့ကျင့် သင်ကြား ပေးတယ်။ ကျွန်မအနေနဲ့ကလည်း ဗိုလ်လောင်းတပ်စုမှူး တာဝန်ယူထားတဲ့အတွက် ဗိုလ်လောင်းတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှုနဲ့အတူပါဝင်ပြီး ကြပ်မတ်ဆောင်ရွက်ပေးရတယ်။ အခု အမှတ်စဉ်(၅)က ဗိုလ်လောင်း ညီမလေးတွေက လည်း စည်းစနစ်ကျကျနဲ့ အထက်အောက် ရိုသေလေးစားမှုတွေနဲ့ အပြည့်အဝနာခံတတ်တဲ့အတွက်ကြောင့် တပ်စုမှူးတစ်ယောက် အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ 

ဒုတိယဗိုလ် ခင်မိုးမြင့်(အကောင်းဆုံးဗိုလ်လောင်းဆု) 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လာရောက်တက်ဖြစ်တာပါ။ မွေးချင်းညီအစ်မသုံးယောက်ရှိပါတယ်။ ကျွန်မကအကြီးဆုံးပါ။ ညီမအငယ်နှစ်ယောက်မှာ တစ်ယောက်က ဆယ်တန်း၊ တစ်ယောက်က လေးတန်းတက်နေပါတယ်။ ကျွန်မက မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ရရှိထားပါတယ်။ ကျွန်မအနေနဲ့နိုင်ငံတော်တာဝန်ကို တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်ကျွမ်း တဲ့ပညာရပ်နဲ့ ပါဝင်ပြီး ထမ်းဆောင်ချင်လို့ ဗိုလ်သင်တန်းကျောင်းကိုတက်ရောက်ခဲ့တာပါ။ ဗိုလ်သင်တန်းကျောင်း ကိုမတက်ခင်အချိန်နဲ့ တက်ရောက်ပြီးတဲ့နောက်မှာယုံကြည်ချက်တွေရော ခံယူချက်တွေပါအများကြီးပြောင်းလဲသွားပါတယ်။ လုံ့လဝီရိယနဲ့ စိတ်ဓာတ်ရှိရင် အရာအားလုံးဖြစ်တယ်ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့အတွက် အကောင်းဆုံးဗိုလ်လောင်း ဆုရရှိခဲ့ပါ တယ်။ စိတ်ဓာတ်၊ စည်းကမ်းပိုင်းကအစ ကျောင်းကချမှတ်ထားတဲ့ တိုက်တွန်းချက်တွေကိုလည်း အကောင်းဆုံး လိုက်နာလုပ် ဆောင်ခဲ့တယ်။ တားမြစ်ချက်တွေကိုလည်း လိုက်နာခဲ့တယ်။ နည်းပြတွေရဲ့ သင်ကြားပြသပေးမှုတွေကိုလည်း တက်တက် ကြွကြွနဲ့ လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။ အရင်ဗိုလ်လောင်းအမှတ်စဉ် (၁)၊ (၂)၊ (၃)၊ (၄) မှာကတည်းက တပ်မတော်ထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကျောင်းတော်ကြီးကနေ သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေနဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ကြားပေးလိုက်တာတွေအားလုံးပေါင်းပြီးတော့ ကြိုးကြိုးစားစားနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားပါမယ်။ 

ဒုတိယဗိုလ် နော်အေးမြတ်သွယ်(သေနတ်ပစ်အကောင်းဆုံးဆု) 

ကျွန်မကတော့ ဗိုလ်လောင်း ကသ အမှတ်(၈၄) နော်အေးမြတ်သွယ်ပါ။ အသက် ၂၆ နှစ်ရှိပါပြီ။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စုကပါ။ ကျွန်မအနေနဲ့ ကျောင်းနေစဉ်ကတည်းက တပ်မတော်ဗိုလ် သင်တန်း ကျောင်း တက်ချင်တဲ့စိတ်တွေရှိခဲ့တယ်။ ဝါသနာပါခဲ့ပါတယ်။ ကျွန်မ မဟာဥပဒေနဲ့ဘွဲ့ရလို့ ကျောင်းပြီးသွားတဲ့အခါမှာ အမှတ်စဉ်(၅) ဗိုလ်လောင်းသင်တန်းကို တက်ရောက်ဖြစ်ခဲ့တာပါ။ သင်တန်းမှာ သေနတ်ပစ်အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ ဒီလိုဆုကိုရရှိဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရတာလဲဆိုရင် အဓိကကတော့ သင်တန်းနည်းပြဆရာတွေရဲ့ လေ့ကျင့်သင်ကြားပေး မှုပါပဲ။ ဆရာတွေရဲ့ သင်ကြားမှုကို တစ်သဝေမတိမ်း ဂရုတစိုက်လိုက်လုပ်တယ်။ ဒီအပေါ်မှာပဲ အာရုံစူးစိုက်ခဲ့တယ်။ ဆရာတွေရဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှုအပေါ်မှာပဲ ဂရုတစိုက်လိုက်လုပ်ခဲ့လို့ အခုလို ဆုရရှိခဲ့တာပါ။ ကျွန်မအနေနဲ့ သေနတ်ပစ်တာကို ငယ်ငယ်ကတည်းကစိတ်ဝင်စားတာပါ။ အခုသင်တန်းမှာလည်း ပစ်ခတ်စဉ်တွေအမျိုးမျိုးပစ်ရတဲ့အပေါ်မှာ တကယ်ကိုစိတ်ဝင်တစားလုပ်ခဲ့လို့လည်း ဆုရခဲ့တာလို့မြင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ တပ်မတော် အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှာပါ။ 

ဒုတိယဗိုလ် နန္ဒာအောင်(ကြံ့ခိုင်ရေးအကောင်းဆုံးဆု) 

ကျွန်မက ကသအမှတ်(၄၃) ဗိုလ်လောင်း နန္ဒာအောင်ပါ။ ပအိုဝ့်တိုင်းရင်းသူပါ။ အဖေက ဦးအောင်ရွှေ၊ အမေက ဒေါ်နန်းငန်းပါ။မိဘတွေက တောင်ယာလုပ်ပါတယ်။ ကျွန်မအသက် ၂၅ နှစ်ရှိပါပြီ။ မဟာဝိဇ္ဇာဘွဲ့(ပထဝီဝင်)နဲ့ ကျောင်းပြီး ထားပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် တီခေါင်ကျေးရွာအုပ်စု ဥသက္ကံဆကျေးရွာမှာနေပါတယ်။ မွေးချင်းရှစ်ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။ သူတို့က ဝန်ထမ်းလုပ်တဲ့သူနဲ့ တောင်ယာလုပ်တဲ့သူတွေလည်းရှိပါတယ်။ တပ်မတော်နေ့မတိုင်မီနဲ့ တပ်မတော်နေ့ဆိုရင် ွှဠ မှာ တပ်မတော် သားတွေရဲ့ စစ်ရေးပြပုံတွေ၊ တပ်မတော် သားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို သဘောကျတဲ့အတွက် ကျွန်မအနေနဲ့ တပ်မတော်ထဲကို ဝင်ရောက်ဖြစ်ခဲ့တာပါ။ ကျွန်မ ဒီလို တပ်မတော်ထဲကိုဝင်လာတဲ့ အချိန်ကာလတွေမှာ ကြံ့ခိုင်ရေးဆရာတွေရဲ့ သင်ပြမှုတွေ၊ ဆရာတွေရဲ့ အမိန့်နာခံရ တဲ့စည်းကမ်းတွေလိုက်နာပြီး လိုက်ပါလုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် သင်တန်းကပေးအပ်တဲ့ ကြံ့ခိုင်ရေး အကောင်းဆုံး ဆုကိုရရှိတယ်လို့မြင်ပါတယ်။ အရင်ကတော့ အခုလို လူတွေအများကြီးနဲ့မနေဖူးဘူး။ အခု ဗိုလ်သင်တန်း ကိုတက်ရောက် ဖြစ်တဲ့အခါမှာ သူငယ်ချင်းတွေနဲ့ပေါင်းသင်းတတ်လာတယ်။ သူငယ်ချင်းတွေရဲ့စိတ်ဓာတ်တွေ ကိုလည်းသိ လာရတယ်။ အရင်ကတစ်ခုခုဆိုရင် မပြောရဲမဆိုရဲဘူး။ အခုတော့ ပြောရဲဆိုရဲတော့ဖြစ်လာပြီ။ အားလုံးနဲ့အဆင်ပြေအောင် ကိုယ့်ရဲ့ စိတ်ဓာတ်ကို ဘယ်လိုထားရမယ်၊ ဘယ်လိုပြုပြင်ရမယ်ဆိုတာ သိလာတယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေ သိလာတယ်။ အခု သင်တန်းကလည်းဆင်းသွားပြီဆိုတာနဲ့ တပ်မတော်ကနေ ပြန်တမ်းဝင်အရာရှိတစ်ယောက်အဖြစ် ခန့်အပ်ပေး လိုက်တဲ့အပေါ်မှာ တပ်မတော်ရဲ့ အမိန့်တွေ၊ စည်းကမ်းတွေ၊ တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်သွားမှာပါ။ 

ဒေါ်လှလှဝင်း ဒုတိယဗိုလ် ခင်မိုးမြင့်၏မိခင် 

သမီးလေး အကောင်းဆုံးဆုရခဲ့တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ပြီးတော့ ကိုယ့်သား၊ သမီးက နိုင်ငံတော် ရဲ့တာဝန်ကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ရင်ထဲမှာစိတ်ချလုံခြုံသွားတာပေါ့။ အန်တီ့မှာ သမီးသုံးယောက် ရှိပါတယ်။ သူကတော့ သမီးအကြီးဆုံးပါ။ အငယ်နှစ်ယောက်က ဆယ်တန်းတစ်ယောက်၊ လေးတန်းတစ်ယောက်ပါ။ သမီးကြီးအနေနဲ့ ဒီနေရာကိုရောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ပြီးတော့ သမီးကြီးတစ်ယောက်အနေနဲ့ လမ်းကြောင်းမှန်ကို ရောက်ခဲ့တဲ့အတွက် နောက်ကလိုက်မယ့် သမီးငယ်တွေအတွက်ကိုလည်း အန်တီ့အနေနဲ့ စိတ်အေးသွား ပါပြီ။ ရှေ့ကသွားတဲ့ သမီးကြီးရဲ့လမ်းကြောင်းအတိုင်း သမီးငယ်တွေကလည်း အတုခိုး၊ အတုယူမယ်လို့ အန်တီ့စိတ်ထဲမှာ တွေးထင်ထားပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးတွေ မွေးထားပေမယ့် စိတ်ထဲမှာ အားငယ်တာမျိုး စိုးရိမ်စိတ်တွေလည်း မရှိတော့ဘူး။ လုံခြုံစိတ်ချရတဲ့နေရာမှာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ပိုပြီးတော့ရင်ထဲမှာ စိတ်ချ သွားတယ်။ 

ဦးတင့်လွင် ဒုတိယဗိုလ် နော်အေးမြတ်သွယ်၏ဖခင် 

ကျွန်တော်ကတော့ သေနတ်ပစ်အကောင်းဆုံးဆု ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း နော်အေးမြတ်သွယ်ရဲ့အဖေပါ။ ပဲခူးတိုင်းဒေသ ကြီး ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စုမှာနေပြီး မိသားစုနဲ့အတူ ထမင်းဆိုင်လေးဖွင့်ထားပါတယ်။ ကျွန်တော့်မှာ သား တစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ သားနဲ့ သမီးကို စိတ်ဓာတ်ရေးရာအကောင်းဆုံးဖြစ်အောင် သွန်သင်ပြသပေးခဲ့တယ်။ ပညာတွေစုံလာတဲ့အခါ စစ်တပ်ထဲကိုဝင်ချင်လား၊ ဒါမှမဟုတ် တခြားဝန်ကြီးဌာနတစ်ခုခုမှာလုပ်ချင်လား၊ သူတို့ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတယ်။ ဒီအပေါ်မှာ သူတို့ဘက်ကလည်း ကြိုးစားပြီးတော့ ဒီဗိုလ်သင်တန်းခေါ်တဲ့အခါမှာ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်တယ်။ ဒီကနေ ဗိုလ်သင်တန်းလည်း တက်ရောက်ဖြစ်တယ်။ သင်တန်းမှာ ဆုရအောင် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ သမီးအတွက် ဂုဏ်ယူသလို မိဘနေရာကလည်း ဂုဏ်ယူ ပါတယ်။ 

ဒေါ်နန်းငန်း ဒုတိယဗိုလ် နန္ဒာအောင်၏မိခင် 

အန်တီတို့က ပအိုဝ့်တိုင်းရင်းသားတွေပါ။ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်မှာနေပါတယ်။ တောင်ယာအလုပ်ကိုပဲ လုပ်ကိုင်ကြပါတယ်။ သမီးလေးကိုတပ်မတော်သားတစ်ယောက်အနေနဲ့ အခုလိုမြင်တွေ့ရတဲ့အတွက်ရော ဆုရတဲ့အတွက်ပါ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ ဒီထက်မကလည်း ထပ်ပြီးကြိုးစားစေချင်ပါတယ်။ သမီးအတွက် တစ်ရွာလုံးက ဝမ်းသာဂုဏ်ယူနေကြတယ်။ တွေ့လည်းတွေ့ချင်နေကြတယ်။ သူကမောင်နှမရှစ်ယောက်ထဲမှာ အငယ်ဆုံးပါ။ အန်တီတို့က တောသူတောင်သားတွေဆိုတော့ အမြဲတမ်း အလုပ်နဲ့လက်နဲ့မပြတ်လုပ်ရတယ်။ အန်တီတို့မိသားစုက ပြည့်စုံတဲ့ မိသားစုမဟုတ်တော့ အလုပ်လုပ်ရင်း သူ့ကို ကျောင်းထားပေးရတယ်။ သမီးက ရွာမှာတုန်းက ကျောင်းတက်တယ်၊ ကျောင်းကပြန်လာရင် အိမ်အတွက်ကူညီပြီး အလုပ်လုပ်ပေးတယ်။ ဘယ်အလုပ်မဆို ဝိုင်းကူပြီးအကုန်လုပ်ပေးပါတယ်။ အခုနိုင်ငံတော်တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ 

Recent News