မုိင္းပန္ၿမိဳ႕နယ္ေတာင္ဘက္ျခမ္းအတြင္း အေျချပဳလ်က္ရွိေသာ တပ္မေတာ္စစ္ေၾကာင္း အား SSA (႐ြက္ဆစ္) အဖြဲ႕မွ လာေရာက္ပစ္ခတ္၊ စစ္သည္အခ်ိဳ႕ က်ဆုံး၊ ဒဏ္ရာ ရရွိိ 

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ - ၂၇ 

တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ႀကဳိးပမ္းေဆာင္ရြက္လ်က္ရွိၿပီး ပစ္ခတ္ တုိက္ခုိက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ၫွိႏႈိင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီ ၃၀ ရက္အထိ စစ္ဆင္ေရးနယ္ေျမအလိုက္ စစ္ေရးဆုိင္ရာ လႈပ္ရွားမႈအားလုံး ရပ္ဆုိင္း ေပးထားၿပီးျဖစ္သည္။ 

ထုိသုိ႕ စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆုိင္းထားစဥ္ ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ မုိင္းပန္ၿမိဳ႕နယ္အတြင္းရွိ မုိင္းပန္-ေနာင္ေလ-ပန္ပိ ဆက္သြယ္ထားေသာ လမ္းေၾကာင္းအနီး အေျချပဳလ်က္ရွိသည့္ တပ္မေတာ္ စစ္ေၾကာင္းအား SSA(႐ြက္ဆစ္)အဖြဲ႕မွ ယေန႕ နံနက္ပုိင္းတြင္ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္ ခဲ့ၿပီး ကားလမ္းေျမာက္ဘက္သုိ႕ ျပန္လည္ဆုတ္ခြာသြားခဲ့သည္။ 

အဆုိပါ လာေရာက္ပစ္ခတ္မႈေၾကာင့္ မိမိတပ္မေတာ္မွ စစ္သည္အခ်ိဳ႕ က်ဆုံး၊ ဒဏ္ရာရရွိခဲ့သျဖင့္ မုိင္းပန္ၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆး႐ုံသုိ႕ ပုိ႕ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ ရွိသည္။ 

SSA(႐ြက္ဆစ္)အဖြဲ႕မ်ားအေနျဖင့္ ၎ေဒသသုိ႕ နယ္ေျမေက်ာ္လြန္၀င္ေရာက္ လာခဲ့ျခင္းျဖစ္သည့္အျပင္ ၂၀၁၈ ခုႏွစ္၊ ႏုိ၀င္ဘာ ၂၀ ရက္တြင္ ပန္ပိေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းအတြက္ ဟုိပုန္းကုိရင္ေလး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေဒသခံျပည္သူမ်ားမွလွဴဒါန္းေသာပစၥည္းမ်ား ပုိ႕ေဆာင္သည့္ ယာဥ္တန္းအား ၎အဖြဲ႕က တားျမစ္၍ လမ္းေၾကာင္းပိတ္ဆုိ႕ဟန္႕တားမႈမ်ား ျပဳလုပ္ခဲ့သျဖင့္ တပ္မေတာ္စစ္ေၾကာင္းက ကူညီေဆာင္ရြက္ေပးရန္ သြားေရာက္ရာ၌လည္း ေႏွာင့္ယွက္ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည္။ 
ထုိ႕အျပင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS)၏ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၅ ရက္ ရက္စြဲပါ ထုတ္ျပန္ေၾကညာခ်က္တြင္လည္း တပ္မေတာ္ႏွင့္ PNLO/PNLA အဖြဲ႕တုိ႕ ပူးေပါင္း၍ ၎တုိ႕အား ထုိးစစ္ ဆင္တုိက္ခုိက္မႈမ်ားေဆာင္ရြက္ေနသည့္ အသြင္ျဖင့္မဟုတ္မမွန္ လုပ္ႀကံေရးသားထားသည္ကုိ ေတြ႕ရွိ ရသည္။ 

တပ္မေတာ္အေနျဖင့္ စစ္ဆင္ေရးနယ္ေျမအလိုက္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားအား ရပ္ဆုိင္းထားရွိၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္ ထုတ္ျပန္ခ်က္အတုိင္း သႏၷိဌာန္စိတ္ျဖင့္ ခုိင္ခုိင္မာမာ ဆက္လက္ရပ္တည္ သြားမည္ျဖစ္ေၾကာင္းႏွင့္ SSA(႐ြက္ဆစ္)အဖြဲ႕က ယခုကဲ့သုိ႕ေဆာင္ရြက္လာျခင္းအား တရား ဥပေဒ ေဘာင္အတြင္းမွ ျပန္လည္တုန္႕ျပန္ သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

 

မိုင်းပန်မြို့နယ်တောင်ဘက်ခြမ်းအတွင်း အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်း အား SSA (ရွက်ဆစ်) အဖွဲ့မှ လာရောက်ပစ်ခတ်၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိ 

နေပြည်တော် ၊ ဒီဇင်ဘာ - ၂၇ 

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်း ပေးထားပြီးဖြစ်သည်။ 

ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားသော လမ်းကြောင်းအနီး အခြေပြုလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား SSA(ရွက်ဆစ်)အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် ခဲ့ပြီး ကားလမ်းမြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ 

အဆိုပါ လာရောက်ပစ်ခတ်မှုကြောင့် မိမိတပ်မတော်မှ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သဖြင့် မိုင်းပန်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိသည်။ 

SSA(ရွက်ဆစ်)အဖွဲ့များအနေဖြင့် ၎င်းဒေသသို့ နယ်မြေကျော်လွန်ဝင်ရောက် လာခဲ့ခြင်းဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ပန်ပိကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှလှူဒါန်းသောပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား ၎င်းအဖွဲ့က တားမြစ်၍ လမ်းကြောင်းပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ကူညီဆောင်ရွက်ပေးရန် သွားရောက်ရာ၌လည်း နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 
ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင်လည်း တပ်မတော်နှင့် PNLO/PNLA အဖွဲ့တို့ ပူးပေါင်း၍ ၎င်းတို့အား ထိုးစစ် ဆင်တိုက်ခိုက်မှုများဆောင်ရွက်နေသည့် အသွင်ဖြင့်မဟုတ်မမှန် လုပ်ကြံရေးသားထားသည်ကို တွေ့ရှိ ရသည်။ 

တပ်မတော်အနေဖြင့် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်ဆိုင်းထားရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အတိုင်း သန္နိဌာန်စိတ်ဖြင့် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်းနှင့် SSA(ရွက်ဆစ်)အဖွဲ့က ယခုကဲ့သို့ဆောင်ရွက်လာခြင်းအား တရား ဥပဒေ ဘောင်အတွင်းမှ ပြန်လည်တုန့်ပြန် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
 

Recent News