ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ႏွင့္အဖြဲ႕ နယူးစတား လိုက္ အနႏၲဂုဏ္ရည္ ငါးထပ္ဓမၼဗိမာန္ေတာ္ႀကီး၊ဆြမ္းခ်က္ ေက်ာင္းေဆာင္ေက်ာင္းလႊတ္ပူဇာႏွင့္ ေက်ာင္းတိုက္မုခ္ဦးေရစက္ခ် အလွဴေတာ္ မဂၤလာ၊န၀မႀကိမ္ေျမာက

ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၂၈ 

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးခ႐ိုင္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္ ရပ္ကြက္ရွိ မဟာသုႏၵရာရာမ ပရိယတၱိစာသင္တိုက္၌ ဗုဒၶျမတ္စြာ သာသနာေတာ္ ျမတ္ႀကီး အဓြန္႕ရွည္ၾကာ တည္တံ့ျပန္႕ပြားပါေစျခင္း အက်ဳိးငွာလည္းေကာင္း၊ အမ်ဳိးဘာသာ သာသနာေရးကိစၥမ်ားေဆာင္ရြက္ႏိုင္ပါေစျခင္းအက်ဳိးငွာလည္းေကာင္း ရည္သန္မွန္းဆ၍ နယူးစတားလိုက္ အနႏၲဂုဏ္ရည္ ငါးထပ္ဓမၼဗိမာန္ေက်ာင္းေတာ္ႀကီးကို ေဆာက္လုပ္လွဴဒါန္းခဲ့ၿပီး ယင္းဗိမာန္ေတာ္ႀကီး၊ဆြမ္းခ်က္ေက်ာင္းေဆာင္ ေက်ာင္းလႊတ္ ပူဇာႏွင့္ ေက်ာင္းတိုက္မုခ္ဦး ေရစက္ခ်အလွဴေတာ္မဂၤလာ၊ န၀မႀကိမ္ ေျမာက္မဟာဘံုကထိန္အလွဴေတာ္မဂၤလာ အခမ္းအနား ကို ယေန႕ နံနက္ပိုင္းတြင္ မဟာသုႏၵရာ ရာမ ပရိယတၱိစာသင္တိုက္ ေက်ာင္းတိုက္၌ က်င္းပျပဳလုပ္သည္။ 

အဆိုပါ ေရစက္ခ်အလွဴေတာ္မဂၤလာအခမ္းအနားသို႔ မႏၲေလးၿမိဳ႕၊ ဘုရားႀကီး တိုက္၊ အတုလကာရီဆင္မင္းေက်ာင္း ဆရာေတာ္ ႏိုင္ငံေတာ္သံဃာ့မဟာ နာယကဒုတိယဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲၾသဘာသာဘိ၀ံသ အမွဴးျပဳေသာ သံဃာေတာ္ အရွင္သူျမတ္မ်ားၾကြေရာက္ေတာ္မူၾကၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီးေဒၚသန္းသန္းႏြယ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ ဇနီး၊ႏိုင္ငံေတာ္ဒုတိယသမၼေဟာင္း ေဒါက္တာ စိုင္းေမာက္ခမ္း ႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေအး(အၿငိမ္းစား) ၊ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ၊အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ဘုရားေက်ာင္း သာသနာ့ဒါယကာ၊ ဒါယိကာမမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ေဒသခံျပည္သူမ်ား တက္ေရာက္ၾကည္ညိဳၾကသည္။ 

ဦးစြာ အခမ္းအနားကို “နေမာ တႆ”သံုးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့၍ ဖြင့္လွစ္ ၾကၿပီး စႏၵယားဆန္း၀င္းႏွင့္ The Professional ေတးဂီတအဖဲြ႕က “ထူးမျခားနား” သီခ်င္းႀကီးျဖင့္ ေရာင္ေတာ္ဖြင့္ သီဆိုပူေဇာ္ၾကသည္။ 

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း အမွဴးျပဳ ေသာ ဧည့္ပရိသတ္မ်ားက ဘုရားႀကီးတိုက္ အတုလကာရီဆင္မင္းေက်ာင္း ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾက သည္။ ယင္းေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ားထံမွ ပရိတ္ တရားေတာ္မ်ား နာယူ ၾကည္ညိဳၾကသည္။ 

၎ေနာက္ မဟာ၀ိဇိတာရံုဆရာေတာ္ထံ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီးတို႔က လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾက သည္။ဆက္လက္၍ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ သံဃာေတာ္ အရွင္သူျမတ္မ်ားထံ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းၾက သည္။ 

ယင္းေနာက္ မဟာသုႏၵရာရာမပရိယတၱိစာသင္တိုက္ပဓာနနာယက၊ မဟာဂႏၲ၀ါစကပ႑ိတ ေဇယ်ာလူမႈထူးခြၽန္ပထမဆင့္ လက္ပန္ေတာင္း ဆရာေတာ္ဘဒၵႏၲအာ၀ုဓက အမရပူရၿမိဳ႕နယ္ မဟာဂႏၶာရံုဆရာေတာ္ဘုရားႀကီး ေရးသား ေတာ္မူေသာ က်မ္းစာအုပ္မ်ားအား ဓမၼဒါန လက္ေဆာင္ေပးအပ္ရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ားက လက္ခံရယူသည္။ 

ထို႔ေနာက္ မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ အေ၀ရာ ရာမရန္ကင္း ေက်ာင္းတိုက္ ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ အဂၢမဟာ ဂႏၳ၀ါစကပ႑ိတ ဘဒၵႏၲ ၾသဒါတာသိရီဘိ၀ံသ ထံမွ အႏုေမာဒနာတရား နာၾကား၍ ေရစက္ခ်အမွ်ေပးေ၀ၾကၿပီး ဗုဒၶသာသနံ စိရံ တိ႒တု သံုးႀကိမ္ရြတ္ဆို ဆုေတာင္း သာဓုေခၚ၍ အခမ္းအနားကို ႐ုတ္သိမ္းသည္။ ယင္းေနာက္ စႏၵယားဆန္း၀င္း ႏွင့္ The Professional ေတးဂီတအဖဲြ႕က ေအာင္ေစပိုင္ေစသီခ်င္းျဖင့္ ဂုဏ္ျပဳသီဆိုပူေဇာ္ ၾကၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တက္ေရာက္လာၾကသူမ်ားက အလွဴေတာ္မဂၤလာ ေအာင္ျမင္ျခင္းအထိမ္းအမွတ္အျဖစ္ ရတနာေရႊမိုးေငြမိုးမ်ား ရြာသြန္းၿဖိဳးေပးသည္။နယူးစတားလိုက္ အနႏၲဂုဏ္ရည္ ငါးထပ္ ဓမၼဗိမာန္ေတာ္ႀကီးႏွင့္ ဆြမ္းခ်က္ေက်ာင္းေဆာင္ ေဆာက္လုပ္လွဴဒါန္းမႈအေနျဖင့္ စုစုေပါင္း ေငြက်ပ္သိန္းေပါင္း ၂၇၀၀၀ ေက်ာ္ လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္းသိရွိရသည္။ 

၎ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီးတို႔က တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ဆရာေတာ္အရွင္သူျမတ္မ်ားအား ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ နယူးစတား လိုက် အနန္တဂုဏ်ရည် ငါးထပ်ဓမ္မဗိမာန်တော်ကြီး၊ဆွမ်းချက် ကျောင်းဆောင်ကျောင်းလွှတ်ပူဇာနှင့် ကျောင်းတိုက်မုခ်ဦးရေစက်ချ အလှူတော် မင်္ဂလာ၊နဝမကြိမ်မြောက်မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက် 

နေပြည်တော်၊ ဒီဇင်ဘာ - ၂၈ 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရပ်ကွက်ရှိ မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက်၌ ဗုဒ္ဓမြတ်စွာ သာသနာတော် မြတ်ကြီး အဓွန့်ရှည်ကြာ တည်တံ့ပြန့်ပွားပါစေခြင်း အကျိုးငှာလည်းကောင်း၊ အမျိုးဘာသာ သာသနာရေးကိစ္စများဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငှာလည်းကောင်း ရည်သန်မှန်းဆ၍ နယူးစတားလိုက် အနန္တဂုဏ်ရည် ငါးထပ်ဓမ္မဗိမာန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး ယင်းဗိမာန်တော်ကြီး၊ဆွမ်းချက်ကျောင်းဆောင် ကျောင်းလွှတ် ပူဇာနှင့် ကျောင်းတိုက်မုခ်ဦး ရေစက်ချအလှူတော်မင်္ဂလာ၊ နဝမကြိမ် မြောက်မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် မဟာသုန္ဒရာ ရာမ ပရိယတ္တိစာသင်တိုက် ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ မန္တလေးမြို့၊ ဘုရားကြီး တိုက်၊ အတုလကာရီဆင်မင်းကျောင်း ဆရာတော် နိုင်ငံတော်သံဃာ့မဟာ နာယကဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များကြွရောက်တော်မူကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊နိုင်ငံတော်ဒုတိယသမ္မဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး(အငြိမ်းစား) ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဘုရားကျောင်း သာသနာ့ဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသူများနှင့်ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။ 

ဦးစွာ အခမ်းအနားကို “နမော တဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြပြီး စန္ဒယားဆန်းဝင်းနှင့် The Professional တေးဂီတအဖွဲ့က “ထူးမခြားနား” သီချင်းကြီးဖြင့် ရောင်တော်ဖွင့် သီဆိုပူဇော်ကြသည်။ 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှူးပြု သော ဧည့်ပရိသတ်များက ဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များ နာယူ ကြည်ညိုကြသည်။ 

၎င်းနောက် မဟာဝိဇိတာရုံဆရာတော်ထံ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။ဆက်လက်၍ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တက်ရောက်လာကြသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။ 

ယင်းနောက် မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ မဟာဂန္တဝါစကပဏ္ဍိတ ဇေယျာလူမှုထူးချွန်ပထမဆင့် လက်ပန်တောင်း ဆရာတော်ဘဒ္ဒန္တအာဝုဓက အမရပူရမြို့နယ် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသား တော်မူသော ကျမ်းစာအုပ်များအား ဓမ္မဒါန လက်ဆောင်ပေးအပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်တပ်မတော်အရာရှိကြီးများက လက်ခံရယူသည်။ 

ထို့နောက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အဝေရာ ရာမရန်ကင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သြဒါတာသိရီဘိဝံသ ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း သာဓုခေါ်၍ အခမ်းအနားကို ရုတ်သိမ်းသည်။ ယင်းနောက် စန္ဒယားဆန်းဝင်း နှင့် The Professional တေးဂီတအဖွဲ့က အောင်စေပိုင်စေသီချင်းဖြင့် ဂုဏ်ပြုသီဆိုပူဇော် ကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက အလှူတော်မင်္ဂလာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးသည်။နယူးစတားလိုက် အနန္တဂုဏ်ရည် ငါးထပ် ဓမ္မဗိမာန်တော်ကြီးနှင့် ဆွမ်းချက်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းမှုအနေဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ 

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့က တက်ရောက်လာကြသူများနှင့်အတူ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။ 

 

Recent News