ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း အလယ္ပုိင္းတုိင္းစစ္ ဌာနခ်ဳပ္ႏွင့္ ေက်ာက္ဆည္တပ္နယ္မွ တပ္မွဴးမ်ားအား ေတြ႕ဆုံမွာၾကား 

 

  
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၂၈ 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းသည္ အဖြဲ႕၀င္မ်ား လုိက္ ပါလ်က္ ယေန႕ေန႕လယ္ပုိင္းတြင္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ တုိင္းစစ္ဌာနခ်ဳပ္ အစည္းအေ၀းခန္းမ၌ တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္တပ္မ်ား၏ တပ္မွဴးမ်ားႏွင့္လည္းေကာင္း၊ ညေနပုိင္းတြင္ ေက်ာက္ဆည္ တပ္နယ္၊ တပ္နယ္ အစည္းအေ၀း ခန္းမ၌ ေက်ာက္ဆည္တပ္နယ္ရွိ တပ္မွဴးမ်ားႏွင့္ လည္းေကာင္း အသီးသီးေတြ႕ ဆံုအမွာစကားေျပာၾကားခဲ့သည္။ 

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း အား အလယ္ပိုင္း တိိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးက တပ္တည္ေဆာက္ေရးလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ားႏွင့္ နယ္ေျမေဒသလံုၿခံဳေရးဆိုင္ရာ ကိစၥရပ္ မ်ားအား တိုင္းစစ္ဌာနခ်ဳပ္ အစည္းေ၀းခန္းမ၌ရွင္းလင္းတင္ျပရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ကလိုအပ္သည္မ်ားေပါင္းစပ္ၫိွႏိႈင္းေဆာင္ရြက္ေပးသည္။ 

ထို႔ေနာက္ ႏိုင္ငံ့အေရးႏွင့္ ပတ္သက္၍ သိသင့္သိထိုက္သည္မ်ား၊ ျပည္သူႏွင့္ တပ္မေတာ္တစ္သားတည္းျဖစ္ေစေရး၊ စည္း႐ံုးေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ထာ၀ရၿငိမ္းခ်မ္း ေရးဆိုင္ရာ ဆက္လက္ေဆာင္ရြက္ေနသည့္ ကိစၥရပ္မ်ား၊ ေခတ္မီတပ္မေတာ္ တည္ေဆာက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ သတင္းလံုၿခံဳေရးဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္တြင္း၊ တပ္ျပင္စည္းလံုးညီၫြတ္ေရးကို ထိခိုက္ေစမည့္ ေရွာင္က်ဥ္ရန္ ကိစၥရပ္မ်ားႏွင့္ တပ္မိသားစု သက္သာေခ်ာင္ခ်ိေရးကို ေဆာင္ရြက္ေပးႏုိင္ေရး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ရမည့္ စိုက္ပ်ဳိး၊ ေမြးျမဴေရး ကိစၥရပ္မ်ားအား အေသးစိတ္ ေဆြးေႏြးမွာၾကား သည္။ 

၎ေနာက္ ညေနပိုင္းတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ အဖြဲ႕သည္ ေက်ာက္ဆည္ တပ္နယ္သို႔ ေရာက္ရွိရာ တပ္နယ္အစည္းအေ၀းခန္းမ၌ တာ၀န္ရွိသူ တစ္ဦးက ရည္မွန္း ခ်က္ တာ၀န္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား တင္ျပသည္။ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက လိုအပ္သည္မ်ား ေပါင္းစပ္ၫႇိႏိႈိင္းေဆာင္ရြက္ေပးၿပီး တပ္အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်နှင့် ကျောက်ဆည်တပ်နယ်မှ တပ်မှူးများအား တွေ့ဆုံမှာကြား 
နေပြည်တော်၊ ဒီဇင်ဘာ - ၂၈ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များ လိုက် ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်များ၏ တပ်မှူးများနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကျောက်ဆည် တပ်နယ်၊ တပ်နယ် အစည်းအဝေး ခန်းမ၌ ကျောက်ဆည်တပ်နယ်ရှိ တပ်မှူးများနှင့် လည်းကောင်း အသီးသီးတွေ့ ဆုံအမှာစကားပြောကြားခဲ့သည်။ 

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အား အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တပ်တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် နယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ် များအား တိုင်းစစ်ဌာနချုပ် အစည်းဝေးခန်းမ၌ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထို့နောက် နိုင်ငံ့အရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ပြည်သူနှင့် တပ်မတော်တစ်သားတည်းဖြစ်စေရေး၊ စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ၊ ထာဝရငြိမ်းချမ်း ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ခေတ်မီတပ်မတော် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ သတင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် ရှောင်ကျဉ်ရန် ကိစ္စရပ်များနှင့် တပ်မိသားစု သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ရမည့် စိုက်ပျိုး၊ မွေးမြူရေး ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးမှာကြား သည်။ 

၎င်းနောက် ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့သည် ကျောက်ဆည် တပ်နယ်သို့ ရောက်ရှိရာ တပ်နယ်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူ တစ်ဦးက ရည်မှန်း ချက် တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တပ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News