ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊ (၄၄)ႀကိမ္ေျမာက္ အာခါတုိင္းရင္းသား စုေပါင္း ႏွစ္သစ္ကူး ပြဲေတာ္ အခမ္းအနား က်င္းပ 

 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၈ 

 

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၏ (၄၄)ႀကိမ္ေျမာက္ အာခါတုိင္းရင္းသား စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားအား ယေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုၿမိဳ႕၊ ၿမိဳ႕မအားကစားကြင္း ၌ျပဳလုပ္ရာ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ ဒုတိယ တုိင္းမွဴး ဗိုလ္မွဴးႀကီးထြန္းျမတ္ေရႊ၊ တုိင္းစစ္ဌာန ခ်ဳပ္မွ ဦးစီးအရာရွိမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိ သူမ်ား၊ အာခါ တုိင္းရင္းသားေခါင္းေဆာင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ အာခါတုိင္းရင္းသား ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။ 

 

အစီအစဥ္အရ အာခါတုိင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားအား ဖြင့္လွစ္ၿပီးေနာက္ တာဝန္ရွိသူမ်ားက ႏွစ္သစ္ ကူးႏႈတ္ခြန္းဆက္ စကားတုိ႔အား အသီးသီး ေျပာၾကားၾကရာ အာခါအမ်ဳိးသားစာေပႏွင့္ ယဥ္ေက်းမႈအဖဲြ႕နာယက ဦးမင္းညိဳက ေက်းဇူး တင္စကားျပန္လည္ေျပာၾကားသည္။ ထုိ႔ေနာက္ (၄၄)ႀကိမ္ေျမာက္ အာခါတုိင္း ရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္က်င္းပ ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္မွ ေပးအပ္ လွဴဒါန္းေသာ အလွဴေငြႏွင့္ တုိင္းစစ္ဌာနခ်ဳပ္မွ ေပးအပ္လွဴဒါန္းေသာ အလွဴေငြမ်ားကို ဒုတိယ တုိင္းမွဴးက ေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကၿပီး (၄၄)ႀကိမ္ေျမာက္ အာခါ တိုင္းရင္းသား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ျဖစ္ ေျမာက္ေရးေကာ္မတီမွ ႏွစ္သစ္ကူးလက္ေဆာင္ ျပန္လည္ေပးအပ္သည္။ 

 

ယင္းေနာက္ အာခါ တုိင္းရင္းသားလူငယ္၊ ေမာင္မယ္မ်ားက စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္ ႏႈတ္ခြန္းဆက္ေတးသံသာ၊ အကပေဒသာမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကရာ ဒုတိယတုိင္းမွဴးႏွင့္ အခမ္းအနားသို႔တက္ ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအားေပးၾက သည္။ ဆက္လက္၍ အခမ္းအနားတက္ေရာက္လာ သူမ်ားသည္ (၄၄)ႀကိမ္ေျမာက္ အာခါတိုင္းရင္း သား စုေပါင္းႏွစ္သစ္ကူး အထိမ္းအမွတ္ျပခန္း အား လွည့္လည္ၾကည့္႐ႈၾကၿပီးေနာက္ စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္က်င္းပေရးေကာ္မတီမွ စုေပါင္း ႏွစ္သစ္ကူးမိတ္ဆံုစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ (၄၄)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူး ပွဲတော် အခမ်းအနား ကျင်းပ 

နေပြည်တော် ဒီဇင်ဘာ ၂၈ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ (၄၄)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီးထွန်းမြတ်ရွှေ၊ တိုင်းစစ်ဌာန ချုပ်မှ ဦးစီးအရာရှိများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အာခါ တိုင်းရင်းသားခေါင်းဆောင်များ၊ ဖိတ်ကြားထားသူများနှင့် အာခါတိုင်းရင်းသား ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

အစီအစဉ်အရ အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ဖွင့်လှစ်ပြီးနောက် တာဝန်ရှိသူများက နှစ်သစ် ကူးနှုတ်ခွန်းဆက် စကားတို့အား အသီးသီး ပြောကြားကြရာ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက ဦးမင်းညိုက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် (၄၄)ကြိမ်မြောက် အာခါတိုင်း ရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးအပ် လှူဒါန်းသော အလှူငွေနှင့် တိုင်းစစ်ဌာနချုပ်မှ ပေးအပ်လှူဒါန်းသော အလှူငွေများကို ဒုတိယ တိုင်းမှူးက ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး (၄၄)ကြိမ်မြောက် အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်ဖြစ် မြောက်ရေးကော်မတီမှ နှစ်သစ်ကူးလက်ဆောင် ပြန်လည်ပေးအပ်သည်။ 

ယင်းနောက် အာခါ တိုင်းရင်းသားလူငယ်၊ မောင်မယ်များက စုပေါင်း နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်တေးသံသာ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ ဒုတိယတိုင်းမှူးနှင့် အခမ်းအနားသို့တက် ရောက်လာကြသူများက ကြည့်ရှုအားပေးကြ သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာ သူများသည် (၄၄)ကြိမ်မြောက် အာခါတိုင်းရင်း သား စုပေါင်းနှစ်သစ်ကူး အထိမ်းအမှတ်ပြခန်း အား လှည့်လည်ကြည့်ရှုကြပြီးနောက် စုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ စုပေါင်း နှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သတင်းရရှိသည်။

Recent News