ေမာင္ေတာၿမိဳ႕နယ္၊ ဗႏၶဳလေက်းရြာ၊ ေအာင္ေျမဘုန္းေတာ္ႀကီး ေက်ာင္းတိုက္ႏွင့္ တပ္ေခ်ာင္းေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္တို႔၌ တည္ေဆာက္ လွဴဒါန္းသည့္ ဓမၼာ႐ံုမ်ား ေရစက္ခ် အလွဴေတာ္မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၈ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၏ လမ္းၫႊန္မႈ ျဖင့္ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ဗႏၶဳလေက်းရြာ ေအာင္ေျမဘုန္းေတာ္ႀကီးေက်ာင္း တိုက္ႏွင့္ တပ္ေခ်ာင္းေက်းရြာ ဘုန္းေတာ္ႀကီး ေက်ာင္းတိုက္တို႔၌ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ)မိသားစုမ်ားက ေဆာက္လုပ္လွဴဒါန္းေသာ ဓမၼာ႐ံုႏွစ္လံုးအား ေရစက္ခ်လွဴဒါန္းပြဲကို ဒီဇင္ဘာ ၂၇ ရက္ နံနက္ပိုင္းတြင္ ေအာင္ေျမ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္ဓမၼာ႐ံုအသစ္၌ ျပဳလုပ္ရာ ဘူးသီးေတာင္ၿမိဳ႕မေက်းရြာ ရြာမ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲဝိစကၡဏအမွဴး ျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾက ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေအးဝင္း၊ အေနာက္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္ႏွင့္အဖြဲ႕ ဝင္မ်ား၊ နယ္ျခားေစာင့္တပ္ဖြဲ႕မွ တာဝန္ရွိသူမ်ား ႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တက္ေရာက္လာၾကသူမ်ားက ရြာမ ေက်ာင္းတိုက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာၾကားၾကသည္။ ထို႔ေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအးဝင္း၊ တုိင္းမွဴးႏွင့္အဖြဲ႕ ဝင္မ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္း မ်ားဆက္ကပ္လွဴဒါန္းၾကၿပီး အဆိုပါေက်ာင္း တိုက္ဆရာေတာ္ထံမွ အႏုေမာဒနာတရားနာယူ ၾကကာ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။ 

ထို႔ေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအးဝင္း၊ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆံုၿပီး ေဒသဖြံ႕ၿဖိဳးတုိးတက္မႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေဒသခံျပည္သူ မ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးသည္။ အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားရွိ ဓမၼာ႐ံုႏွစ္လံုးကို တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက စုေပါင္းလွဴဒါန္းသည့္ ေငြက်ပ္ သိန္းေပါင္း ၅၁ဝ ေက်ာ္ျဖင့္ ေဆာက္လုပ္လွဴဒါန္း ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ၊ အောင်မြေဘုန်းတော်ကြီး ကျောင်းတိုက်နှင့် တပ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ တည်ဆောက် လှူဒါန်းသည့် ဓမ္မာရုံများ ရေစက်ချ အလှူတော်မင်္ဂလာပြုလုပ် 

နေပြည်တော် ဒီဇင်ဘာ ၂၈ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှု ဖြင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အောင်မြေဘုန်းတော်ကြီးကျောင်း တိုက်နှင့် တပ်ချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတိုက်တို့၌ တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက ဆောက်လုပ်လှူဒါန်းသော ဓမ္မာရုံနှစ်လုံးအား ရေစက်ချလှူဒါန်းပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြေ ဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံအသစ်၌ ပြုလုပ်ရာ ဘူးသီးတောင်မြို့မကျေးရွာ ရွာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏအမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်အဖွဲ့ ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ တက်ရောက်လာကြသူများက ရွာမ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာကြားကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ တိုင်းမှူးနှင့်အဖွဲ့ ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြပြီး အဆိုပါကျောင်း တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းများရှိ ဓမ္မာရုံနှစ်လုံးကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်းလှူဒါန်းသည့် ငွေကျပ် သိန်းပေါင်း ၅၁ဝ ကျော်ဖြင့် ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Recent News