ျမန္မာႏုိင္ငံစာဆုိေတာ္ေန႔အထိမ္းအမွတ္ သက္ႀကီးစာေပပညာရွင္မ်ားအား ပူေဇာ္ကန္ေတာ့

 

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၉

ျမန္မာႏုိင္ငံစာေရးဆရာအသင္းကႀကီးမွဴးက်င္းပေသာ ၁၃၈၀ ျပည့္ႏွစ္၊ ျမန္မာႏုိင္ငံစာဆုိေတာ္ေန႔ အထိမ္းအမွတ္ သက္ႀကီးစာေပပညာရွင္မ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ၿမိဳ႕ေတာ္ခန္းမ၌ျပဳလုပ္ရာ ရန္ကုန္တုိင္း ေဒသႀကီး၀န္ႀကီးခ်ဳပ္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္အဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ သက္ႀကီးစာေပပညာရွင္ႀကီးမ်ား၊ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္မွ လွဴဒါန္းေသာ ဂါရ၀ျပဳလက္ေဆာင္မ်ားႏွင့္အလွဴေငြစုစုေပါင္း ေငြက်ပ္ ၉၂၈၀၂၅၀ ကိုလည္းေကာင္း၊ ေစတနာရွင္အလွဴရွင္မ်ားက ဂါရ၀ျပဳလက္ေဆာင္မ်ားႏွင့္ အလွဴေငြမ်ားကိုလည္းေကာင္း အသီးသီး ေပးအပ္လွဴဒါန္းရာ ျမန္မာႏုိင္ငံစာေရးဆရာအသင္းဥကၠ႒ ဦးေက်ာ္၀င္း(မႏုႆေက်ာ္၀င္း)က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ထုိ႔ေနာက္ တာ၀န္ရွိသူတစ္ဦးက မုဒိတာစကားကိုလည္းေကာင္း၊ ဦးေက်ာ္၀င္းက ႏႈတ္ခြန္းဆက္ အမွာစကားကိုလည္းေကာင္း အသီးသီးေျပာၾကားၿပီး ျမန္မာႏုိင္ငံစာေရးဆရာအသင္း၊ ဘ႑ာေငြ ရွာေဖြေရးလုပ္ငန္းေကာ္မတီဥကၠ႒ ဦးအုန္းေမာင္(ျမင္းမူေမာင္ႏုိင္မုိး)က အလွဴရွင္မ်ား စာရင္းကို ဖတ္ၾကားသည္။

ယင္းေနာက္ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက ကန္ေတာ့ခံသက္ႀကီးစာေပပညာရွင္ႀကီးမ်ား အား ကန္ေတာ့ခ်ဳိးျဖင့္ လက္အုပ္ခ်ီကန္ေတာ့ၾကၿပီး တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ား၊ အလွဴရွင္မ်ားက ကန္ေတာ့ပစၥည္းမ်ားႏွင့္အလွဴေငြမ်ားေပးအပ္လွဴဒါန္းၾကရာ ကန္ေတာ့ခံသက္ႀကီး စာေပပညာရွင္ႀကီး မ်ားကိုယ္စား ဆရာႀကီး ေဒါက္တာသန္းဦး(ဦးသန္းဦး-ျပည္စုိးမင္း)က ၾသ၀ါဒစကား ျပန္လည္ ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့

နေပြည်တော် ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံစာရေးဆရာအသင်းကကြီးမှူးကျင်းပသော ၁၃၈၀ ပြည့်နှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ကြီးစာပေပညာရှင်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လှူဒါန်းသော ဂါရဝပြုလက်ဆောင်များနှင့်အလှူငွေစုစုပေါင်း ငွေကျပ် ၉၂၈၀၂၅၀ ကိုလည်းကောင်း၊ စေတနာရှင်အလှူရှင်များက ဂါရဝပြုလက်ဆောင်များနှင့် အလှူငွေများကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တာဝန်ရှိသူတစ်ဦးက မုဒိတာစကားကိုလည်းကောင်း၊ ဦးကျော်ဝင်းက နှုတ်ခွန်းဆက် အမှာစကားကိုလည်းကောင်း အသီးသီးပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အလှူရှင်များ စာရင်းကို ဖတ်ကြားသည်။

ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများ အား ကန်တော့ချိုးဖြင့် လက်အုပ်ချီကန်တော့ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ကန်တော့ပစ္စည်းများနှင့်အလှူငွေများပေးအပ်လှူဒါန်းကြရာ ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီး များကိုယ်စား ဆရာကြီး ဒေါက်တာသန်းဦး(ဦးသန်းဦး-ပြည်စိုးမင်း)က သြဝါဒစကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News