(၈၁)ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူး ပြဲေတာ္ျပဳလုပ္

 

ေနျပည္ေတာ္ ဇန္နဝါရီ ၆

(၈၁)ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးပြဲေတာ္ကို ပဲခူးတုိင္းေဒသႀကီး ေတာင္ငူၿမိဳ႕ (၁၉)ရပ္ကြက္ ပကူးသာသနာ ခရစ္ယာန္ေက်ာင္း ဝင္းအတြင္း၌ ယေန႔နံနက္ပုိင္းတြင္ ျပဳလုပ္ရာ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာတာဝန္ ရွိသူမ်ား၊   ၿမိဳ႕မိၿမိဳ႕ဖမ်ား၊   ေဒသခံ ကရင္တုိင္းရင္းသားမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ (၈၁)ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူး ပြဲေတာ္ကို ဂုဏ္ျပဳေသာအားျဖင့္  တုိင္းရင္း သားလူမ်ဳိးမ်ားေရးရာ ဝန္ႀကီးဌာန   ျပည္ေထာင္စုဝန္ႀကီးက ေပးပို႔ေသာ သဝဏ္လႊာကို ဖတ္ၾကားၿပီး တိုင္းေဒသႀကီး၊ ကရင္စာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီနာယက ဆရာေတာ္ ဘဒၵႏၲကုသလက ႏွစ္သစ္ကူးၾသဝါဒစကား မိန္႔ၾကားသည္။  ထို႔ေနာက္  တုိင္းမွဴးႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ကရင္တုိင္းရင္းသား ေခါင္းေဆာင္မ်ားက ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္ ဂုဏ္ျပဳအမွာစကားမ်ား အသီးသီး ေျပာၾကားသည္။

ယင္းေနာက္ တာဝန္ရွိသူတစ္ဦးက ေကအင္န္ယူ ကရင္အမ်ဳိးသား အစည္းအ႐ံုးမွ ေပးပို႔ေသာ သဝဏ္လႊာကို ဖတ္ၾကားၿပီး တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက  တက္ေရာက္လာ ၾကသည့္    ကရင္တုိင္းရင္းသား မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၆

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၁၉)ရပ်ကွက် ပကူးသာသနာ ခရစ်ယာန်ကျောင်း ဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊   မြို့မိမြို့ဖများ၊   ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ (၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်  တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းဒေသကြီး၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဆရာတော် ဘဒ္ဒန္တကုသလက နှစ်သစ်ကူးသြဝါဒစကား မိန့်ကြားသည်။  ထို့နောက်  တိုင်းမှူးနှင့် မြို့မိမြို့ဖများ၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူတစ်ဦးက ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက  တက်ရောက်လာ ကြသည့်    ကရင်တိုင်းရင်းသား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။   

Recent News