တနသၤာရီၿမိဳ႕နယ္ သာယာကုန္းရြာ၌ ကရင္အမ်ဳိးသား ႏွစ္သစ္ကူး ပြဲေတာ္ ျပဳလုပ္

 

ေနျပည္ေတာ္   ဇန္နဝါရီ  ၆

ကရင္အမ်ဳိးသား ႏွစ္သစ္ကူးပြဲေတာ္ကို တနသၤာရီတိုင္းေဒသႀကီး တနသၤာရီၿမိဳ႕နယ္ သာယာကုန္းရြာ၌ ယေန႔နံနက္ပိုင္းတြင္ ျပဳလုပ္ရာ   ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ကရင္တိုင္းရင္းသား လူမ်ဳိးေရးရာ ဝန္ႀကီးႏွင့္ ေဒသခံ တိုင္းရင္းသားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက ကရင္အမ်ဳိးသား ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကား ေျပာၾကားသည္။ ထို႔ေနာက္ ကရင္တိုင္းရင္းသား လူမ်ဳိးေရးရာ ဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက အမွာစကားမ်ားႏွင့္ သဝဏ္လႊာဖတ္ၾကားျခင္းမ်ား ေဆာင္ရြက္ၾက သည္။

ယင္းေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ေဒသခံတိုင္းရင္းသား၊ တိုင္းရင္းသူမ်ား၏ ကရင္ဒုံးယိမ္းအကမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္႐ႈအားေပးၿပီး ဂုဏ္ျပဳဆုေငြမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း  သတင္း ရရွိသည္။

(Unicode Version)

တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ပြုလုပ်

နေပြည်တော်   ဇန်နဝါရီ  ၆

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ   ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ကရင်အမျိုးသား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားများနှင့် သဝဏ်လွှာဖတ်ကြားခြင်းများ ဆောင်ရွက်ကြ သည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သတင်း ရရှိသည်။

Recent News