ဘ၀နတ္ထံပ်ံလြန္ေတာ္မူၿပီးျဖစ္ေသာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဂၢါဘိဓဇဘဒၵႏၲသီလ၀ံသ၏ ႐ုပ္တုေတာ္ ဖြင့္ပြဲ ျပဳလုပ္ 

ဘ၀နတ္ထံပ်ံလြန္ေတာ္မူၿပီးျဖစ္ေသာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဂၢါဘိဓဇဘဒၵႏၲသီလ၀ံသ၏ ႐ုပ္တုေတာ္ ဖြင့္ပြဲ ျပဳလုပ္ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၈ 

ဘ၀နတ္ထံပ်ံလြန္ေတာ္မူၿပီးျဖစ္ေသာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဂၢါဘိဓဇ ဘဒၵႏၲသီလ၀ံသ၏႐ုပ္တုေတာ္ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ကခ်င္ျပည္နယ္၊ ၀ိုင္းေမာ္ၿမိဳ႕နယ္၊ ေရႊမိုးေတာင္ရွင္ပင္ျမတ္စြာရဟႏၲာတစ္ေထာင္ ေအာင္ သုခဆုေတာင္းျပည့္ေစတီေတာ္ ပရိ၀ုဏ္အတြင္း၌ ျပဳလုပ္ရာ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတ၀န္းသို ေက်ာင္းတုိက္ ဆရာေတာ္ အဘိဓဇအဂၢမဟာပ႑ိတ၊ အဂၢမဟာဂႏၴ၀ါစက ဘဒၵႏၲေကတုမာလာ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္အဖြဲ႕၀င္မ်ား၊ ေစတနာရွင္အလွဴရွင္မ်ား၊ ဥပါသကာမ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ဓမၼရကၡိတ၀န္းသိုေက်ာင္းတုိက္ဆရာေတာ္ႏွင့္ တုိင္းမွဴးတုိ႔က ဖြင့္ပြဲကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးသည္။ ထုိ႔ေနာက္ ဆရာေတာ္ႀကီး၏႐ုပ္တုေတာ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးခဲ့ၿပီး အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူ ေဇာ္ၾကသည္။ 

ဆက္လက္၍ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဓမၼရကၡိတ၀န္းသိုေက်ာင္း တုိက္ဆရာေတာ္ အမွဴးျပဳေသာ သံဃာေတာ္မ်ားထံမွ ငါးပါးသီလခံယူေဆာက္တည္ၾက၍ပရိတ္တရားေတာ္မ်ားနာယူၾကၿပီး ဆရာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version) 

ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂါဘိဓဇဘဒ္ဒန္တသီလဝံသ၏ ရုပ်တုတော် ဖွင့်ပွဲ ပြုလုပ် 

နေပြည်တော် ဇန်နဝါရီ ၈ 

ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသီလဝံသ၏ရုပ်တုတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေမိုးတောင်ရှင်ပင်မြတ်စွာရဟန္တာတစ်ထောင် အောင် သုခဆုတောင်းပြည့်စေတီတော် ပရိဝုဏ်အတွင်း၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဥပါသကာများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

ဦးစွာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် တိုင်းမှူးတို့က ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆရာတော်ကြီး၏ရုပ်တုတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူ ဇော်ကြသည်။ 

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်း တိုက်ဆရာတော် အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ပရိတ်တရားတော်များနာယူကြပြီး ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                

Recent News