ထုိင္းဘုရင့္ ေလတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ ျပန္လည္ထြက္ခြာ 

ထုိင္းဘုရင့္ ေလတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ ဇန္နဝါရီ ၉

 

 ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနေသာ ထုိင္း ဘုရင့္ေလတပ္ ဦးစီးခ်ဳပ္ Air Chief Mar- shal Chaiyapruk Didyasarin ႏွင့္ဇနီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ညေနပိုင္းတြင္ ေလေၾကာင္းခရီးျဖင့္ မဂၤလာဒုံေလတပ္စခန္း ဌာနခ်ဳပ္မွ ျပန္လည္ထြက္ခြာရာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပုံ၊ တပ္မေတာ္(ေလ)မွ အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ထုိင္းႏိုင္ငံ စစ္သံမွဴးမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

အဆိုပါ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ ျမန္မာႏိုင္ငံသုိ႔ ေရာက္ရွိေနစဥ္ အတြင္း ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂုံေစတီေတာ္၊ ဗိုလ္တေထာင္ေစတီေတာ္မ်ားသုိ႔ သြားေရာက္ ဖူးေျမာ္၍ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းၿပီး မင္းဓမၼကုန္းေျမရွိ ရတနာဆင္ျဖဴေတာ္အား သြားေရာက္ေလ့လာ ၾကည့္႐ႈခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ 

နေပြည်တော် ဇန်နဝါရီ ၉ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ထိုင်း ဘုရင့်လေတပ် ဦးစီးချုပ် Air Chief Mar- shal Chaiyapruk Didyasarin နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်များသို့ သွားရောက် ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းပြီး မင်းဓမ္မကုန်းမြေရှိ ရတနာဆင်ဖြူတော်အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News