တပ္မေတာ္(ေရ)အရာရွိငယ္(စီမံခန္႔ခြဲေရး)သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ) အရာရွိငယ္(အင္ဂ်င္ နီယာ)သင္တန္းအမွတ္စဥ္(၅၂) သင္တန္းဆင္းပြဲက်င္းပ

တပ္မေတာ္(ေရ)အရာရွိငယ္(စီမံခန္႔ခြဲေရး)သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ) အရာရွိငယ္(အင္ဂ်င္ နီယာ)သင္တန္းအမွတ္စဥ္(၅၂) သင္တန္းဆင္းပြဲက်င္းပ 

ေနျပည္ေတာ္ ဇန္န၀ါရီ ၁၀ 

တပ္မေတာ္(ေရ) အရာရွိငယ္(စီမံခန္႔ခြဲေရး)သင္တန္းအမွတ္စဥ္(၇၈)ႏွင့္ တပ္မေတာ္(ေရ)အရာရွိငယ္ (အင္ဂ်င္နီ ယာ)သင္တန္းအမွတ္စဥ္(၅၂) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ သန္လ်င္ တပ္နယ္၊ ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား ကာကြယ္ ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။ 

အဆိုပါအခမ္းအနားသို႔ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးမ်ဳိးေဇာ္သိန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအး၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပံု၊ ရန္ကုန္တပ္နယ္ႏွင့္ သန္လ်င္ တပ္နယ္တို႔မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေက်ာင္းဆင္းအရာ ရွိမ်ား၏ မိဘေဆြမ်ဳိးမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ေက်ာင္းဆင္းတပ္ခြဲႏွင့္ ဂုဏ္ျပဳ တပ္ခြဲမ်ားက စစ္ေရးျပကြင္းအတြင္း ခ်ီတက္ ေနရာယူၾကၿပီး ႏုိင္ငံေတာ္ အလံအား အေလးျပဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေက်ာင္းဆင္းတပ္ခြဲႏွင့္ ဂုဏ္ျပဳတပ္ခြဲမ်ား၏ အေလးျပဳျခင္းကို ခံယူ ၿပီး ေက်ာင္းဆင္းတပ္ခြဲႏွင့္ ဂုဏ္ျပဳ တပ္ခြဲမ်ားကို စစ္ေဆးသည္။ 

ထို႔ေနာက္ ေက်ာင္းဆင္းတပ္ခြဲႏွင့္ ဂုဏ္ျပဳ တပ္ခဲြမ်ားက ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)အား အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။ ထိုသို႔ခ်ီတက္အေလးျပဳေနစဥ္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ မ်ားက ရန္ကုန္ျမစ္အတြင္းမွ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ)အား ပံုျပဳခ်ီတက္ေမာင္းႏွင္အေလး ျပဳၾကသည္။ 

ဆက္လက္၍ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) က တပ္မေတာ္(ေရ)အရာရွိငယ္(စီမံခန္႔ခြဲ ေရး)သင္တန္း အမွတ္စဥ္ (၇၈)မွ အေကာင္း ဆံုးေက်ာင္းသားဆုရ ေရ ၅၂၉၀ ဗိုလ္ေစာစည္သူေအာင္ႏွင့္ ေရေၾကာင္းပညာစာေပ ထူးခြၽန္ဆုရ ေရ ၅၃၀၀ ဗိုလ္ထက္စိုးသူထြန္း တို႔အားလည္းေကာင္း၊ တပ္မေတာ္(ေရ)အရာရွိငယ္ (အင္ဂ်င္ နီယာ)သင္တန္းအမွတ္ စဥ္(၅၂)မွ အေကာင္းဆံုးေက်ာင္းသားဆုရ ေရ ၅၃၃၉ ဗိုလ္ေက်ာ္ေဇယ်ာ၀င္းႏွင့္ ေရ ေၾကာင္းအင္ဂ်င္နီယာစာေပထူးခြၽန္ဆုရ ေရ ၅၃၄၃ ဗိုလ္မ်ဳိးမင္းၫြန္႔တို႔အားလည္းေကာင္း၊ ထူးခြၽန္ ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္စား ကာကြယ္ေရးဦး စီးခ်ဳပ္(ေရ)က သင္တန္းဆင္းမိန္႔ခြန္းေျပာၾကားသည္။ 

၎ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)သည္ ေက်ာင္းဆင္းတပ္ခြဲႏွင့္ ဂုဏ္ျပဳတပ္ခြဲ မ်ား၏ အေလးျပဳျခင္းကို ခံယူၿပီး စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသြားသည္။ အခမ္းအနားအၿပီးတြင္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ)ႏွင့္ အခမ္းအနားသို႔ တက္ေရာက္လာေသာအရာရွိႀကီးမ်ားသည္ ေက်ာင္းဆင္း အရာရွိမ်ားႏွင့္အတူ မွတ္တမ္းတင္ဓာတ္ပံု ႐ိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။ 
 

(Unicode Version)

 

တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၇၈)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင် နီယာ)သင်တန်းအမှတ်စဉ်(၅၂) သင်တန်းဆင်းပွဲကျင်းပ 

နေပြည်တော် ဇန်နဝါရီ ၁၀ 

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၇၈)နှင့် တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီ ယာ)သင်တန်းအမှတ်စဉ်(၅၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်မိန့်ခွန်းပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင် တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာ ရှိများ၏ မိဘဆွေမျိုးများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော် အလံအား အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ ပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။ 

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထိုသို့ချီတက်အလေးပြုနေစဉ် တပ်မတော်(ရေ)မှ စစ်ရေယာဉ် များက ရန်ကုန်မြစ်အတွင်းမှ ကာကွယ်ရေးဦးစီး ချုပ်(ရေ)အား ပုံပြုချီတက်မောင်းနှင်အလေး ပြုကြသည်။ 

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ) က တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲ ရေး)သင်တန်း အမှတ်စဉ် (၇၈)မှ အကောင်း ဆုံးကျောင်းသားဆုရ ရေ ၅၂၉၀ ဗိုလ်စောစည်သူအောင်နှင့် ရေကြောင်းပညာစာပေ ထူးချွန်ဆုရ ရေ ၅၃၀၀ ဗိုလ်ထက်စိုးသူထွန်း တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင် နီယာ)သင်တန်းအမှတ် စဉ်(၅၂)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၃၃၉ ဗိုလ်ကျော်ဇေယျာဝင်းနှင့် ရေ ကြောင်းအင်ဂျင်နီယာစာပေထူးချွန်ဆုရ ရေ ၅၃၄၃ ဗိုလ်မျိုးမင်းညွန့်တို့အားလည်းကောင်း၊ ထူးချွန် ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦး စီးချုပ်(ရေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ 

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက်လာသောအရာရှိကြီးများသည် ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။  

Recent News